Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб သူခိုးက လူဟစ်နေပြန် (ရုပ်/သံ) в хорошем качестве

သူခိုးက လူဟစ်နေပြန် (ရုပ်/သံ) 2 дня назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



သူခိုးက လူဟစ်နေပြန် (ရုပ်/သံ)

သူခိုးက လူဟစ်နေပြန် (ရုပ်/သံ) ဧရာဝတီ၊ အောက်တိုဘာ ၄၊ ၂၀၂၄ “သေရဲတဲ့ကောင် ထွက်ခဲ့” ဆိုပြီး ရန်ကုန်လမ်းမများပေါ်မှာ လက်နက်မဲ့ပြည်သူတွေကို မင်းအောင်လှိုင်ရဲ့ စစ်တပ်က လက်နက်ကိုင် ပစ်ခတ်ပြီး ရမ်းကားခဲ့ကြပါတယ်။ လက်နက်ကိုင်၊ အကြမ်းဖက်ပြီး ပြဿနာဖြေရှင်းတာကို မင်းအောင်လှိုင်နဲ့ သူ့နောက်လိုက်များ အရင်ဦးဆုံး လုပ်ခဲ့ကြတာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ ဒီအကြောင်းရာတွေဟာ ရှင်းလင်းပြီးဖြစ်တဲ့ အကြောင်းအရာတွေဖြစ်ပေမဲ့ အကြိမ်ကြိမ် ရှင်းလင်းရန်လည်း လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ မင်းအောင်လှိုင်က အထပ်ထပ်အခါခါ လိမ်ညာဖို့ ကြိုးစားနေတာဖြစ်လို့ အကြိမ်ကြိမ် ဖွင့်ချဖို့ လိုအပ်ပါတယ်။ ထပ်ခါထပ်ခါ ပြောနေရဖို့ လိုအပ်နေပါတယ်။ အရင်ဆုံး လက်နက်ကိုင် အကြမ်းဖက်ခဲ့ပြီး အခုမှ တော်လှန်ရေးအင်အားစုတွေကို ပြန်လည် လက်ညှိုးထိုးနေတာ ဘာကြောင့်ပါလဲ။ ပြည်သူလူထုကို တရားခံရှာဖို့ ကြိုးစားတာလို့ ပြောလို့ရတဲ့အပြင် ဒီအကြောင်းအရာကို ဒီနေ့အချိန်မှာ ထပ်တလဲလဲ မင်းအောင်လှိုင် ပြောနေရတဲ့ အဓိကအကြောင်းရင်းကတော့ သူတို့ စစ်ရှုံးနေလို့ ဖြစ်ပါတယ်။ မင်းအောင်လှိုင်တို့ အနေနဲ့ ခပ်ကြမ်းကြမ်းလေး ပစ်သတ်ပြလိုက်ရင် လူတွေကြောက်လန့်ပြီး ငြိမ်သွားလိမ့်လို့ ယူဆခဲ့ကြတာပါ။ ဒါပေမဲ့ ခေတ်တွေပြောင်းသွားတာကို သူတို့ သတိမမူမိပါဘူး။ တဖက်ကလည်း လူငယ်တွေဟာ လက်နက်ကိုင်အကြမ်းဖက်တဲ့ စစ်အာဏာရှင်တွေကို ရရာလက်နက် ကိုင်ပြီး ခုခံကြသလို လူထုအများစုကလည်း အားတက်သရော ထောက်ခံခဲ့ကြပါတယ်။ #မြန်မာ #ဧရာဝတီ #မင်းအောင်လှိုင် #သေရဲတဲ့ကောင်ထွက်ခဲ့ #အာဏာသိမ်း #တော်လှန်ရေး စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR

Comments