Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб နေ့စဥ်ဝတ်ပြုခြင်းအလင်းပြ “ဒုက္ခဆင်းရဲခြင်းမှ ချီးမွမ်းခြင်းသို့” в хорошем качестве

နေ့စဥ်ဝတ်ပြုခြင်းအလင်းပြ “ဒုက္ခဆင်းရဲခြင်းမှ ချီးမွမ်းခြင်းသို့” 10 дней назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



နေ့စဥ်ဝတ်ပြုခြင်းအလင်းပြ “ဒုက္ခဆင်းရဲခြင်းမှ ချီးမွမ်းခြင်းသို့”

နေ့စဥ်ဝတ်ပြုခြင်းအလင်းပြ “အလင်းတော်နှင့် သစ္စာတော်ကို စေလွှတ်တော်မူပါ။” “Send forth your light and your truth.” အဓိကအချက် - “ဒုက္ခဆင်းရဲခြင်းမှ ချီးမွမ်းခြင်းသို့” “From Depression to a Procession of Praise” ဖတ်ရန်ကျမ်းချက် - ဆာလံကျမ်း ၄၃း၁-၅ “အကျွန်ုပ်တို့၌ ဘုန်းမရှိစေဘဲ၊ အို ထာဝရဘုရား၊ အကျွန်ုပ်တို့၌ ဘုန်းမရှိစေဘဲ၊ ကိုယ်တော်၏နာမ၌ ကရုဏာတော်နှင့် သစ္စာတော်ကြောင့် ဘုန်းရှိပါစေသတည်း။ -” (ဆာလံ၊ ၁၁၅း၁) ဒီဆာလံ ၄၃ သည် ဆာလံ ၄၂ ရဲ့အဆက် ဆာလံ ၄၂ ရဲ့ အဆုံးသတ်အပိုင်းလို့လည်း သိထားကြပါတယ်။ ဘုရားသခင်ကို ဆုံးဖြတ်ပေးဖို့တောင်းဆိုတယ်။ ဘုရားသခင်သာဆုံးဖြတ်မယ်ဆိုရင်သူနိုင်မယ် ဆိုတာကိုသူသိတယ်၊ မတရားတဲ့ သူတွေတစ်ဖက်မှာ သူ့ကို နှိပ်စက်နေကြတယ်၊ အဲ့ဒီအထဲထဲကနေကယ်လွတ်ဖို့ ဘုရားသခင်ကို သူအော်ဟစ်တယ်။ ဘုရားသခင်သာပါလာရင်တော့ ဒီကိစ္စဟာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားဖြစ်မယ်၊ အဲဒီတော့ ဘုရားသခင်သည် သူ့ရဲ့ ခိုလှုံရာ ဘုရားဖြစ်တယ် ဘာကြောင့်မို့လို့ ရန်သူတွေရဲနှိပ်စက်ခြင်းကိုခံရပြီး ကိုယ်တော်စွန့်ပစ်ထားတာလဲလို့ သူမေးပါတယ်။ သူဟာ ဘုရားသခင်ရဲ့ကျေးဇူတော်ကို ချီးမွမ်းပြီးတော့ ဗိမာန်တော်ကိုသွားခြင်ပြီး၊ တဲ့တော်ကို အတူတူသွားပြီးတော့ ဝမ်းသာရွှင်လန်းပြီး သိချင်းတွေကိုသီဆိုပြီး ဘုရားသခင်ကို ချီးမွမ်းလိုပြီ အဲ့ဒီအချိန်ကို ရောက်လာဖို့လည်း သူတောင့်တမျှော်လင့်နေပြီဖြစ်ပါတယ်။ အဲ့ဒီတော့ ဘုရားသခင်ရဲ့ အလင်းတော်နဲ့ သစ္စာတော်ကို သာစေလွတ်ပေးပါ ဒီကိစ္စက ပြီးပြတ်ပါတယ်လို့ သူတောင်းလျှောက်ထားပါတယ်။ မလွတ်မြောက်သေးသော်လည်းပဲ၊ ဘုရားသခင်သာလွတ်မြောက်ခွင့်ကိုပေးမယ်ဆိုရင် ကျွန်ုပ်ဟာ အလျှင်အမြန်ဘုရားသခင်ရှိတဲ့ အရပ်ကို အလျှင်အမြန်သွားပြီးကိုးကွယ်ပါမယ်။ အဲ့ဒီတော့ငါ့ဝိညာဥ် ဘုရားသခင်ကို ဆက်မျှော်လင့်ပါ၊ ဘုရားသခင်ကို ဆက်ခိုလှုံပါ၊ ကိုးစားပါလို့ ဆက်ပြီးတော့ ဝန်ခံချီးမွမ်းထားတယ်ဆိုတာတွေ့ရပါတယ်။ ဆင်ခြင်ရန် - အခြေအနေတွေက ဆိုးဝါးသော်လည်း၊ ဒီကိစ္စတွေထဲမှာ ဘုရားသခင်သာပါရှိနေမယ်ဆိုရင် အကုန်လုံးအဆင်ပြေမယ် ဆိုတာကို ဆာလံဆရာလို သိရှိယုံကြည်မျှော်လင့်လျှက် ရှင်သန်ရပ်တည်ကြပါစို့။ ဆုတောင်းရန် - မေတ္တာတော်ရှင်ထာဝရမြတ်စွာသောဘုရားသခင် ကိုယ်‌တော်ရဲ့ အလင်းတော်နဲ့ သစ္စာတော်ကို ကျွန်ုပ်တို့ ထံသို့စေလွတ်ပြီး ကျွန်ုပ်တို့ ခံစားနေရသော ဆင်းရဲဒုက္ခပြဿနာများထဲမှ ကယ်နုတ်တော်မူပါ။ အာမင်

Comments