Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб အိမ်နီးချင်းဆိုးတရုတ်နဲ့ သိမ်းလိုက်ပြန်တဲ့မြို့တွေ (Opinion/ရုပ်သံ) в хорошем качестве

အိမ်နီးချင်းဆိုးတရုတ်နဲ့ သိမ်းလိုက်ပြန်တဲ့မြို့တွေ (Opinion/ရုပ်သံ) 1 день назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



အိမ်နီးချင်းဆိုးတရုတ်နဲ့ သိမ်းလိုက်ပြန်တဲ့မြို့တွေ (Opinion/ရုပ်သံ)

အိမ်နီးချင်းဆိုးတရုတ်နဲ့ သိမ်းလိုက်ပြန်တဲ့မြို့တွေ (Opinion/ရုပ်သံ) ~~~~~~~~~~ အိမ်နီးချင်းဆိုး တရုတ်ရဲ့ မြန်မာတိုင်းရင်းသားဒေသတွေကို စီးပွားရေးပိတ်ဆို့ကာတိုင်းရင်းသား လက်နက်ကိုင် TNLA, MNDAA နဲ့ ‘ဝ’ UWSA တို့ကို ခြိမ်းခြောက် အကျပ်ကိုင်နေတဲ့ကြားကပင် တအောင်း တပ်မတော် TNLA ရဲ့ သီပေါမြို့ သိမ်းပိုက်လိုက်ခြင်းသတင်းက ဒုတိယ အကျော့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဆက်လက် ရှင်သန်နေတဲ့ အောင်စိတ်ကို ဖော်ပြနေပါတယ်။ အောက်တိုဘာ ၁၃ ရက်၊ သီပေါမြို့ရဲ့ နောက်ဆုံးလက်ကျန် ခလရ ၂၃ တပ်ရင်းကို အပြုတ်နှံခဲ့ကာ TNLA ရဲ့ ၁၂ မြို့မြောက် သိမ်းပိုက်ခြင်းအဖြစ် သီပေါမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်။ သီပေါမြို့ သိမ်း တိုက်ပွဲကို TNLA ပူးပေါင်းတပ်က ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေးကာလ ဇူလိုင် ၂၀ ရက်မှာ စတင်ခဲ့ပြီး ၂ လ ကျော်အကြာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ဗုံးမိုးရွာနေတဲ့ကြားကနေ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်တယ်။ ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေးအတွင်း နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲနဲ့ အခု ပဥ္စမမြောက် သီပေါမြို့။ ပထမအကျော့ ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA သိမ်းပိုက်ခဲ့တဲ့ မြို့ ၇ မြို့နဲ့ ထည့်ပေါင်းလိုက်ရင် စုစုပေါင်း ၁၂ မြို့။ လက်ရှိမှာ နောင်ချိုမြို့နဲ့ မိုင် ၂၀ လောက်အကွာမှာရှိတဲ့ တောင်ခမ်းရွာက အမြောက်တပ်တွေကို TNLA ပူးပေါင်းတပ်တွေက အပြင်းအထန် ထိုးစစ်ဆင်နေဆဲလို့ သတင်းတွေက ဆိုတယ်။ ဩဂုတ်လကုန်ပိုင်းမှာ တောင်ခမ်းက အမြောက်တပ်ရင်းနှစ်ခုကို TNLA က သိမ်းပိုက်လိုက်ပြီး အခုလက်ကျန် အမြောက်တပ် ၂ ခုကို ဆက်လက်တိုက်ခိုက်လျက်ရှိတယ်။ စစ်ရေးအမြင်ကျယ်သူတွေက တောင်ခမ်းဆိုတာ စစ်ရေးအရ အချက်အချာကျတဲ့နေရာ။ ရှမ်းပြည်နယ်တောင်ပိုင်းသို့ ဝင်ရောက်ရာလမ်းကြောင်းဖြစ်တဲ့အပြင် ပြင်ဦးလွင်နဲ့လည်း မိုင် ၅၀ ကျော်သာ ဝေးတော့တာမို့ အကြမ်းဖက်စစ်တပ်က အသဲအသန်ခုခံနေရတယ်လို့ သိရတယ်။ …………… ထွန်းလင်းရေးသားတဲ့ “အိမ်နီးချင်းဆိုးတရုတ်နဲ့ သိမ်းလိုက် ပြန်တဲ့မြို့တွေ” အတွေးအမြင် ဆောင်းပါးကို နွေလင်းဟန် ရွတ်ဖတ်တင်ဆက်ထားတာ ဖြစ်ပါတယ်။ ငွေမောင်းသံ ပရိတ်သတ်ကြီး နားဆင်ကြည့်ရှုနိုင်ကြဖို့ တင်ဆက်လိုက်ရပါတယ်။ #ငွေမောင်းသံ မီဒီယာ

Comments