Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб နေ့စဥ်ဝတ်ပြုခြင်းအလင်းပ “ရန်သူများတစ်ဘက်၌ အကူအညီပေးရန် ဆုတောင်းခြင်း။” в хорошем качестве

နေ့စဥ်ဝတ်ပြုခြင်းအလင်းပ “ရန်သူများတစ်ဘက်၌ အကူအညီပေးရန် ဆုတောင်းခြင်း။” 3 дня назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



နေ့စဥ်ဝတ်ပြုခြင်းအလင်းပ “ရန်သူများတစ်ဘက်၌ အကူအညီပေးရန် ဆုတောင်းခြင်း။”

နေ့စဥ်ဝတ်ပြုခြင်းအလင်းပြ “ငါတို့၏ ရန်သူများကို ကိုယ်တော်တိုင်နင်းတော်မူမည်။” “For, He it is that will tread down our adversaries.” အဓိကအချက် - “ရန်သူများတစ်ဘက်၌ အကူအညီပေးရန် ဆုတောင်းခြင်း။” “Prayer for help against foes” ဖတ်ရန်ကျမ်းချက် - ဆာလံကျမ်း ၆၀း၆-၁၂ “သင်တို့သည် ရန်သူများကြောင့် အလျှင်း မကြောက်ရွံ့ မတုန်လှုပ်ဘဲ၊ တစ်ပါးတည်းသော စိတ်ဝိညာဉ်၌ တည်၍၊ ဧဝံဂေလိတရားနှင့်ဆိုင်သော ယုံကြည်ခြင်းအဖို့ အလိုငှာ တညီတညွတ်တည်း ကြိုးစားအား ထုတ်ကြသည် အကြောင်းအရာကို၊ ငါရောက်လျှင် သင်တို့နှင့် မျက်မှောက်တွေ့သည်ဖြစ်စေ၊ ကွာလျက်နေသည်ဖြစ်စေ၊ ငါကြားသိရပါမည်အကြောင်း၊ ခရစ်တော်၏ ဧဝံဂေလိတရားနှင့် အထိုက်အလျောက် ဝတ်ကြီးဝတ်ငယ်များကို ပြု၍သာနေကြလော့။-” (ဖိလိပ္ပိ၊ ၁း၂၇) ပထမပိုင်းမှာ အရပ်ရပ်ကိုကွဲပြားပြီးတုန်လှုပ်နေပေမယ့် နောက်ပိုင်းမှာတော့ ဘုရားသခင်ပေးတဲ့ အောင်မြင်ခြင်းကို ကြွေးကြော်ထားတဲ့ဆာလံဖြစ်ပါတယ်။ အခန်းငယ် ၆ ကနေ ၈ မှာ ဘုရားသခင်သည် သူ့ရဲ့နယ်မြေတွေကို ပိုင်းခြား ထားတယ်။ အဲ့ဒီအထဲထဲမှာမ ဧဖရိန်ပြည်ဟာ သူ့ဦးခေါင်း ယုဒပြည်ဟာ သူ့ရဲ့လွတ်တော်ဖြစ်ရမယ်လို့ ပြောထားတဲ့အရာ ကို ဖော်ပြထားတယ်။ နောက်ပိုင်းမှာတော့ ဆာလံဆရာကိုယ်တိုင်က ငါ့ကို ဒီမြို့ထဲကို ဝင်ဖို့ဘယ်သူလမ်းပြမှာလဲ၊ ဒီဧဒုံပြည်ထဲကို ဘယ်သူလမ်းပြမှာလဲ၊ အောင်မြင်ဖို့ရာကဘုရားသခင်ကိုယ်တိုင် လမ်းပြဖို့လိုတယ်၊ သိမ်းပိုက်ဖို့ရာက ဘုရားသခင်ကိုယ်တိုင်ပါရှိဖို့လိုတယ်။ ဒီတစ်ခါတော့ ကိုယ်တော်ကျွန်တော်တို့ကို မစွန့်ပစ်ပဲ ပါရှိတော်မူပါ၊ ကျွန်တော်တို့ရဲ့ စစ်မက်ဗိုလ်ပါတွေနဲ့ကိုယ်တော်ပါရှိရင်‌အောင်မြင်မယ်၊ ဆိုတာကိုသူသိတယ်၊ လူတွေဟာ ကယ်တင်ဖို့ မစွမ်းကြဘူး။ သို့သော်လည်း “ဘုရားသခင်အားဖြင့် ငါတို့သည် ရဲရင့်စွာ ပြုကြမည်။ ငါတို့၏ ရန်သူများကို ကိုယ်တော်တိုင်နင်းတော်မူမည်။” ဘုရားသခင်ပါရှိခြင်းအားဖြင့် တရားဓမ္မဘက်က ရင်ဆိုင်တိုက်ပွဲတွေဟာအောင်မြင်မယ်လို့ နောက်ဆုံးမှာ ဆာလံဆရာ ကြွေးကြော်ထားပါတယ်။ ဘုရားသခင်ပါရှိခြင်းအားဖြင့်သာ ကျွန်တော်တို့ဟာ အောင်ပွဲတွေကိုရရှိမှာ ဖြစ်ပါတယ်။ ဘုရားသခင်စွန့်ပစ်ပြီဆိုရင် ကျွန်တော်တို့ဟာ အရပ်ရပ်ကို ကွဲပြားပြီးရှုံးနှိမ့်မှုတွေကို ရင်ဆိုင်ရမှာဖြစ်တယ် ဆိုတာကို စိတ်နှလုံးထဲမှာမှတ်ပြီးတော့မှ ဘုရားသခင်ကိုကိုးစားပြီး သူ့နောက်ကို လိုက်လျှက် တရားဓမ္မဘက်က ရင်ဆိုင်ပါဝင်ကြပါစို့။ ဆင်ခြင်ရန် - စာတန်ရန်သူနဲ့ ရင်ဆိုင်ရသောအခါ၊ ကိုယ်ခွန်ကိုယ့်အား၊ လူတို့ခွန်အားနဲ့ ရင်ဆိုင်ခြင်းထက် ဘုရားသခင်နဲ့ ရင်ဆိုင်ခြင်းက ‌အောင်မြင်စေပါတယ်။ ဆုတောင်းရန် - အသက်ရှင်၍ကောင်းမြတ်သော ကယ်တင်ရှင်ဘုရားသခင်၊ ကိုယ်တော် ပါရှိလျှက် ခွန်အားပေးရုံသာမက၊ မတရားမှုများကို ကိုယ်တော်ကိုယ်တိုင် ဦးဆောင်လျှက် နှိမ်နင်းပေးသနားတော်မူပါ။ အာမင်

Comments