Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб လူစကားပြောတဲ့ ရွှေကျီးမ в хорошем качестве

လူစကားပြောတဲ့ ရွှေကျီးမ 8 месяцев назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



လူစကားပြောတဲ့ ရွှေကျီးမ

လူစကားပြောတတ်တဲ့ငှက်ဆိုလို့ သာလိကာ၊ ကြက်တူရွေး စသဖြင့် မြင်ဖူးကြပေမယ့် စကားပြောတက်တဲ့ ကျီးကန်းဆိုတာကတော့ ရှာမှရှားပါ။ ရွှေကျီးမလို့အမည်ရတဲ့ ကျီးကန်တကောင်ဟာ မြန်မာစကားကို ၁၀ ခွန်းထက်မနည်း ပြောတတ်ပါတယ်။ အသက် ၆၀ ကျော်အရွယ် ဦးသန်းထွန်းဟာ လွန်ခဲ့တဲ့ ၁၃ နှစ်လောက်က အပင်ပေါ်ကပြုတ်ကျနေတဲ့ ကျီးပေါက်လေးတကောင်ကို မတော်တဆတွေ့ရှိခဲ့တာဖြစ်ပြီး ဂရုဏာသက်မိလို့ မွေးထားခဲ့တာပါ။ ဒီလိုကျွေးမွေးထားခဲ့ရာက ရွှေကျီးမ ၃ နှစ်အရွယ်အရောက်မှာ လူစကား နားရည်ဝလာပြီး လူလို စကားစပြောလာကြောင်း၊ ပထမဆုံးပြောတဲ့စကားက သူ့သခင်ကို “သန်းထွန်းရေ”လို့ လှမ်းခေါ်တာဖြစ်ကြောင်း ဦးသန်းထွန်းက ပြောပါတယ်။ ရွှေကျီးမလေးဟာ သူ့နာမည် "ရွှေကျီးမ" ဆိုတာကိုလည်း ပီပီသသ ခေါ်တတ်တဲ့အပြင် "ဟဲ့ခွေး” ၊ "ဟားဟား" ၊ "လူလာနေတယ်” စတဲ့စကားတွေလည်း ပြောတတ်ပါတယ်။ ရွှေကျီးမလို့ခေါ်တွင်ပေမယ့် အထီးလား အမလား မသေချာဘူးလို့ ဦးသန်းထွန်းက ပြောပါတယ်။ ရွှေကျီးမဟာ ကိတ်မုန့်၊ လဖက်ရည်နဲ့ ကော်ဖီ အလွန်ကြိုက်ပြီး ဦးသန်းထွန်းကိုယ်တိုင် မုန့်ကိုပါးစပ်နဲ့ဝါးပြီး ခွံ့ကျွေးတဲ့အထိ သူတို့်ကြားက သံယောဇဉ်က ကြီးမားပါတယ်။ သခင်ကိုစိတ်ဆိုးလို့ ရွှေကျီးမတကောင် တနေကုန်ပျောက်သွားတဲ့အခါတွေလည်းရှိတတ်ကြောင်း၊ ဒါပေမယ့် ညနေစောင်းပြီးဆိုရင်တော့ ခြံဝန်းထောင့်သစ်ပင်ပေါ်ကနေ "သန်းထွန်းရေ၊ သန်းထွန်းရေ"လို့ အော်ခေါ်နေပြန်ရောလို့ ဦးသန်းထွန်းက ပြောပါတယ်။

Comments