Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб ပီလခတ် နွားလွှတ်ပွဲ Non-stop Action в хорошем качестве

ပီလခတ် နွားလွှတ်ပွဲ Non-stop Action 8 месяцев назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



ပီလခတ် နွားလွှတ်ပွဲ Non-stop Action

ရန်ကုန်မြို့၊ ကျောက်တန်းမြို့နယ်ရှိ ပီလခတ်ဘုရားကျောင်းတွင် ဇန်နဝါရီ ၁၇ ရက် နေ့လယ်ပိုင်းက ဟိန္ဒူရိုးရာနွားလွှတ်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ နွားလွတ်ပွဲမှာ ဟိန္ဒူရိုးရာ လယ်သမားနေ့ဖြစ်ပြီး လုပ်ငန်းခွင်မှနွားများကို လယ်ကွင်းထဲသို့လွှတ်ပေးပြီးမှ အားကစားလှုပ်ရှားမှုဆန်ဆန် စိတ်လှုပ်ရှားဖွယ်ရာ ဝိုင်းဝန်းဖမ်းဆီးကြခြင်းဖြစ်သည်။ ဤနွားလွှတ်ပွဲ၊ နွားဖမ်းပွဲသည် ဆန်စပါး၊ ကောက်ပဲသီးနှံ စိုက်ပျိုးရာတွင် တောင်သူဦးကြီးများနှင့်အတူ ကြိုးပမ်းရုန်းကန်ရသည့် နွားသတ္တဝါတို့၏ ကျေးဇူးတရားကိုသိတတ်သောအားဖြင့် ဘေးမဲ့လွှတ်ပေးသည့်အလေ့အထမှ ပေါ်ထွန်းလာခြင်းဖြစ်ကြောင်း သိရသည်။ နွားချော နွားလှကြီးများ၏ကိုယ်ပေါ်တွင် ဆေးအလှချယ်မှုန်းထားပြီး ဦးချိုပေါ်တွင် လည်စည်းပုဝါများ စည်းထားပေးထားသည်။ နွားကိုလက်ရဖမ်းဆီး၍ ပုဝါရယူနိုင်သူသည် ဂုဏ်ယူဝံ့ကြွားနိုင်သလို နွားပိုင်ရှင်များက စေတနာရှိသလောက် ပုဝါထဲတွင်ထည့်ပေးလိုက်သည့် ဆုကြေးငွေကိုလည်း ပိုင်ဆိုင်ခွင့်ရရှိသည်။ ဇန်နဝါရီ ၁၇ ရက်နေ့ကကျင်းပပြုလုပ်သည့် နွားလွှတ်ပွဲတွင် နွားအကောင်ရေ ၅၀ ကျော်ကို လွှတ်ပေးခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ လူပေါင်းထောင်ချီလာရောက်ခဲ့ကြသည်။ "ချည်ထားတဲ့နွားတွေက အကောင် ၁၀၀ ကျော်ရှိတယ်။ အဲဒီထဲက ငါးဆယ်ကျော်ကို လွှတ်ပေးတာဖြစ်တယ်။ ကျန်တဲ့နွားတွေက ကျင့်နွားပေါ့။ လာမယ့်နှစ်မှာ လွှတ်ဖို့ကျင့်တဲ့နွားတွေပါ"ဟု ပီလခက်ဘုရားကျောင်းမှ တာဝန်ရှိသူတဦးက ပြောသည်။ ပွဲတော်လာရောက်သူအားလုံးကို ပိလခတ်ဘုရားကျောင်းထုံစံအတိုင်း သက်သက်လွတ် သီးစုံပဲဟင်း၊ ခရမ်းချဉ်သီးဟင်း(ပါကျဲရီး)တို့ကို စတုဒိသာ ကျွေးမွေးခဲ့သည်။

Comments