Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб ဆိတ်စွပ်ပြုတ် ချက်နည်း Mutton Soup в хорошем качестве

ဆိတ်စွပ်ပြုတ် ချက်နည်း Mutton Soup 10 месяцев назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



ဆိတ်စွပ်ပြုတ် ချက်နည်း Mutton Soup

လက်ဖက်ရည်ဆိုင်တချို့မှာ ရောင်းတဲ့ ဆိတ်စွပ်ပြုပ်လေးပါ။ ချက်နည်းက အိန္ဒိယစာဖိုမှူး တချို့ရဲ့ ချက်နည်းဖြစ်ပြီး အားလုံး အလွယ်ဆုံးချက်လို့ရအောင် ပြန်ချက်ပြထားပါတယ်ခင်ဗျာ… ကုလားပဲအစိမ်းမှုန့် စားပွဲတင်ဇွန်း ၅ ဇွန်းစာလောက်ကိူ ရေအေးနဲ့ ဖျော်ပေးထားပါ။ ပဲမှုန့်တွေ အကုန်ပျော်စေဖို့အတွက် အခန်းအပူချိန်မှာ နာရီဝက်လောက်ထားထား‌ပေးပါ။ ဖာလာစေ့ ။ လေးညှင်း။ ငရုတ်ကောင်း။ ကရဝေးရွက် အနည်းငယ်။ ငရုတ်သီးစိမ်း ၂ တောင့်။ နံနံစေ့ သို့ နံနံပင်ရဲ့ အမြစ်ပိုင်း။ ကြက်သွန်ဖြူ။ ချင်း လိုပါတယ်။ ကြက်သွန်နီကိုတော့ ပါးပါးလှီးထားပေးပါ။ ဆိတ်ရိုးကို ရိုးတွင်းချဉ်ဆီပါတဲ့ အရိုးနဲ့ ဆိတ်နံကပ်သားအချို့ ကျွန်တော်သုံးပါတယ်။ ဆိတ်ရိုးတွေကို ပထမဆုံး တရေပြုတ်ပေးရပါမယ်။ ဒယ်အိုးထဲမှာ ရေအေးထည့်ပြီး ဆိတ်ရိုးတွေထည့်မယ်။ ဆား စားပွဲတင်ဇွန်း ၁ ဇွန်းထည့်မယ်။ ရှလကာရည် ၁ ဇွန်းထည့်မယ်။ ရေဆူလာပြီး ၃ မိနစ်လောက်ဆိုရင် အရိုးတွေဆယ်ပြီး ရေနဲ့ ၅ ခေါက်လောက် ဆေးပေးပါ။ ဒယ်အိုးထဲမှာ ဆီအနည်းပဲထည့်ပြီး ကြက်သွန်နီတွေမွှေးလာတဲ့အထိ ဆီသတ်ပေးပါ။ ဆီသတ်တာမွှေးလာရင် ငရုတ်သီးစိမ်း ၂ တောင့်။ နံနံစေ့ သို့ နံနံပင်ရဲ့ အမြစ်ပိုင်း။ ကြက်သွန်ဖြူ။ ချင်း ကိုထည့်ပြီး မီးအလယ်အလတ်နဲ့ ဆီသတ်ပြီး မွှေးလာရင် ဖာလာစေ့ ။ လေးညှင်း။ ငရုတ်ကောင်း။ ကရဝေးရွက် အနည်းငယ် စီထည့်ပြီး ဆီသတ်ပေးပါ။ ဆိုင်တချို့မှာ ရောင်းတဲ့ ဆိတ်စွပ်ပြုတ်က အနည်းငယ်စပ်တဲ့အတွက် အစပ်အရသာကြိုက်ရင် ငရုတ်သီးစိမ်းရယ် ငရုတ်ကောင်းစေ့ရယ်ကို ပိုထည့်နိုင်ပါတယ်။ မွှေးလာရင် နနွင်း။ နံနံစေ့မှုန့် နဲ့ ငရုတ်သီးအရောင်တင်မှုန့် (ထမင်းစားဇွန်းတဝက်)လောက်ပဲ ထည့်ပါ။ ခဏလေးမွှေပေးပြီးရင် ရေဆေးပြီးရေစစ်ထားတဲ့ ဆိတ်ရိုးတွေထည့်ပါမယ်။ ဆိတ်ရိုးတွေကို ဆီနဲ့ ၅ မိနစ်လောက်ထည့်ကြော်ပေးပါ။ ပြီးမှ အိုးထဲထည့်ပြီး ရေထည့်ပြီးး မီးအေးအေးနဲ့ မိနစ် ၄၀ လောက်ထည့်ပါ။ အရသာအတွက် ဆားထည့်ပါ။ ပြီးရင် ကုလားပဲဖျော်ထားတဲ့ ပဲဖျော်ရည်ကို ထည့်ပါ။ အုန်းနို့ဟင်းရည်လို မပျစ်ဘဲ ခပ်ကျဲကျဲလေး ပဲထည့်တာ ပိုသောက်ကောင်းပါတယ်။ နောက်ဆုံးမှာ မဆလာလေး ဖြူးပေးရင် မွှေးပြီး သောက်ကောင်းတဲ့ ဆိတ်စွပ်ဟင်းရည်လေးရပြီဖြစ်ပါတယ်။ သံပရာသီးလေးညှစ်။ ချင်း ပါးပါးလှီးထားတာလေးထည့်ပြီး နံပြားနဲ့ တွဲဖက်စားသုံးနိုင်ပါပြီ။ Cookfork1 ၏ အခြားသော လူမှုကွန်ယက်တွေဖြစ်တဲ့ ဖေ့စ်ဘုတ်။ အင်စတာဂရမ်။တစ်တော့ မှာလည်း မတူညီသော တင်ဆက်မှုများဖြင့် တင်ပေးထားပါတယ်ခင်ဗျာ။

Comments