Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб Babu X - Old School Rap (Full Album) | ဘာဘူ - ခေတ်ဟောင်း Rap в хорошем качестве

Babu X - Old School Rap (Full Album) | ဘာဘူ - ခေတ်ဟောင်း Rap 2 года назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



Babu X - Old School Rap (Full Album) | ဘာဘူ - ခေတ်ဟောင်း Rap

Babu X (ဘာဘူ) - Old School Rap (Full Album) 0:00 ဆေးပေးမီးယူ (Single) 4:56 ပြဿနာ မရှိ (No Problem) 8:49 ဘာလုပ်ကြမှာလည်း? (What You Gonna Do?) 12:44 တွေ့မယ် သတိထား (Come With Me) 17:33 သဘော မတူပါ (TBMTP) 21:34 ရူးချင်ယောင်ဆောင် (Act A Fool) 24:26 မင်းနဲ့ပြတ်ရင် (Breakup) 28:18 ပိုက်ဆံ ပိုက်ဆံ ပိုက်ဆံ (Money Money Money) 32:33 ဗှိုက်လှုပ်ပြီးက (Shake Your Belly) 0:00 ဆေးပေးမီးယူ (Single) 1- တစ်ခါတုန်းက လူပျိုကြီး တစ်ယောက် ရှိပါတယ် သူမှာ အလုပ်အကိုင် အဆင်ပြေပြီး သဘောကောင်းပေမယ့် ဘယ်သူမှ ပြန်မကြိုက်လို့ အသက်မကြီးခင်မှာပဲ လူပျိုကြီး စာရင်းဝင်သွားရပါတယ် အသားဖြူဖြူ အသားညိုညို အသားအရောင် မခွဲခြားပဲ စိတ်ဝင်စားပေးမယ့် ပြန်ကြိုက်တဲ့သူမရှိလို့ ကိုလူပျိုဟာ တော်သလင်းလနှင့် သီတင်းကျွတ်လ တွေကို အလွန်မုန်းခဲ့ပါတယ် (တော်သလင်းမှာ ခွေးတွေ ဟိုဟာပြု၊ သီတင်းကျွတ်မှာ လူတွေ ဟိုဟာပြုကြလို့ပါ) 4:56 ပြဿနာ မရှိ (No Problem) 2- မိန်းမကံ မကောင်းတဲ့ ကိုလူပျိုဟာ မိန်းမရဖို့ ကိုယ်တိုင်မကြိုးစားတော့ပဲ သူ့အမေကိုပဲ မိန်းမရှာပေးဖို့ ပူဆာပါတော့တယ် ​ဒီလိုနဲ့နေလာတာ ရပ်ကွက်ထဲမှာ သီတင်းကျွတ် အထိမစောင့်နိုင်တဲ့ စုံတွဲက ခိုးပြေးဖို့ ကြံတာ လူမိသွားပြီး ရပ်ကွက်ရုံးမှာ လူကြီးစုံရာနှင့် ရှင်းနေကြတာ ကိုလူပျို သွာပြီးစပ်စုရင်းက ခိုးပြေးဖို့ကြံတဲ့ သတို့သားလောင်းရဲ့ အဖော် Rapper တွေနဲ့ အဖွဲ့ကျသွားပါတယ် လူပျိုကြီးဟာ Rapper နှင့် ပေါင်းပြီး game ဆိုင်ထိုင် ဟိုမှာ အလေလိုက် ဒီမှာ အလေလိုက် လုပ်တတ်လာပါတယ် 8:49 ဘာလုပ်ကြမှာလည်း? (What You Gonna Do?) 3- လူပျိုကြီးဟာ အပေါင်းအသင်း အသစ်တွေနဲ့ ညဘက် disco တက် night club သွားတွေဖြစ်လာပါတယ် ကိုလူပျိုရဲ့ ဘော်ဒါ Rapper တွေက ကိုယ်စီရည်းစားရှိတော့ လူပျိုကြီးကို အမြဲမြှောက်ပေးကြပါတယ် သူတို့ rapper အချင်းချင် ပြောနေကျ "ဘာလုပ်ကြမှာလည်း?" ဆိုတဲ့စကားက လူပျိုကြီးကို တွေ့တိုင်း Rapper တွေက မြှောက်ပေးတဲ့ စကားဖြစ်သွားပါတယ် 12:44 တွေ့မယ် သတိထား (Come With Me) 4- Rapper တွေရဲ့ ပေါက်ကရအကြံတွေကြောင့်လား လူပျိုကြီးရဲ့ အရမ်း ထ နေတဲ့စိတ် အစွမ်းကြောင့်လားမသိ Rapper တွေနဲ့ စပေါင်းပြီး မကြာခင်မှာ ရည်းစားတစ်ယောက် ရသွားပါတယ် ရည်းစားနှင့် ထွက်လည်ဖို့ ချိန်းတဲ့ အခါမှာ သူ့ရဲ့ ဘော်ဒါ Rapper တွေက စေတနာ အပြည့်ဖြင့် ရည်းစာကို ဟိုလိုဖက် ဒီလိုဖက် ဟိုနားကိုင် ဒီနားကိုကိုင် အမျိုးမျိုး အကြံပေး ကြပါတယ် (ကိုလူပျိုကို အချွန်နဲ့ ဝိုင်းပြီးမကြတာပါ) ပထမဆုံး ရည်းစာနဲ့ ချိန်းထားတဲ့ နေ့ကဆိုရင် ကိုလူပျို အိပ်ယာနိုးကတည်းက မျက်နှာက ပြုံးနေပြီး တစ်ယောက်တည်း အော်ပြီး မရယ်မိအောင် မနည်း သတိထားနေရပါတယ် 17:33 သဘော မတူပါ (TBMTP) 5- ရည်းစားသက်တမ်းနည်းနည်း ရလာတော့ ကိုလူပျိုဆိုတဲ့ ဘွဲ့လည်း ပြုတ်သွားပါတယ် လူပျိုကြီးလို့ သူ့ကိုဘယ်သူမှ မခေါ်ကြတော့ပါဘူး (ငှဲငှဲငှဲ သဘောပေါက်တယ်နော်) လူပျို ဘဝ တုန်းကတော့ "ဘယ်တော့ယူမှာလည်း?" လို့ ခဏခဏ မေးကြတဲ့လူတွေက လုံးဝ မမေးကြတော့ဘူး ဒါပေမယ့် သူ့ရည်းစာက ခဏခဏ မေးလာပါတယ် သူတို့နှစ်ယောက်ကို နှစ်ဖက်မိဘက သဘောတူသော်လည်း ကုန်ဈေးနှုန်းက သဘောမတူ တဲ့အတွက် နှစ်ယောက်ကြားမှာ အဆင်မပြေတွေဖြစ်လာပါတယ် 21:34 ရူးချင်ယောင်ဆောင် (Act A Fool) 6- ဘော်ဒါ Rapper တွေနဲ့ အလေလိုက်၊ ရည်းစားနဲ့ချိန်းတွေ့ ဒါတွေများလာပြီး အလုပ်ပျက်လာတော့ အိမ်ကအမေက အစ မျက်စိနောက်လာပါတယ် အရင်တုန်းက ရသမျှ ပိုက်ဆံ အမေ့ကို လစဉ် ကန်တော့ ခဲ့ပေမယ် အခုတော့ ဘော်ဒါတွေနဲ့ အလေလိုက် ရည်းစားလည်းရနေတော့ အမေ့ဆီက ပိုက်ဆံကို စာရင်းပျောက်ယူထားတာ စာရင်းရှိယူထားတာတွေ များလွန်းပြီး ဘိုင်ကျနေတာ ရည်းစားနဲ့ ချိန်းတွေဖို့တောင် ခက်ခဲလာပါတယ် ငွေရေး ကြေးရေး အပြင် လူမှုရေး ပြဿနာတွေ အရမ်းများလာတော့ အရူးကွက်တွေနင်း ရူးချင်ယောင်ဆောင်တာတွေများပြီး ရည်းစားနှင့် ပိုပြီးအဆင်မပြေတွေ ဖြစ်လာပါတယ် 24:26 မင်းနဲ့ပြတ်ရင် (Breakup) 7- စကြိုက်ခါစက သူ့အသံကြားရင် ရင်ခုန်ခဲ့ပေမယ့် အခုတော့ သူ့အသံကြားရင် ရင်တုန်တဲ့အထိ အဆင်မပြေတာတွေများလာပြီး နောက်ဆုံးမှာ ရည်းစားက သူ့ကိုထားသွားတော့ “1 go ရင် 2 come" လို့ အော်ပြီး နောက်ရည်းစားရှာရပါတယ် 28:18 ပိုက်ဆံ ပိုက်ဆံ ပိုက်ဆံ (Money Money Money) 8- နောက်ရည်းစားရှာတာ လုံးဝ အဆင်မပြေဖြစ်ပြီး အချစ်တွေ ဘယ်လောက်စစ်စစ် ပိုက်ဆံ မရှိရင် အချစ်စစ်ကြောင်း သက်သေပြလို့ မရဘူးဆိုတာ နားလည်းသွားတော့ သူဟာ အလုပ်ကြိုးစား၊ ပိုက်ဆံ ပိုက်ဆံ ပိုက်ဆံ လို့အိပ်ယာနိုးတာနှင့် သုံးခေါက်ရွတ်ပြီး သူဌေးသမီးကို ယူဖို့ကြံ ပါတော့တယ် 32:33 ဗှိုက်လှုပ်ပြီးက (Shake Your Belly) 9- သူဌေးသမီးကို မရတော့ နောက်ဆုံးမှာ သူ့လိုပဲ ရည်းစားမရှိ ဆိုက်တူ ဂိုက်တူ ဘော်ဒါတွေနှင့် ပေါင်းပြီး ဗိုက်လှုပ်ပြီးက သီချင်းဖွင့်ပြီး ပျော်နေပါတော့သည်။

Comments