Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб Scuba Diving in Myanmar ရေအောက်အလှတွေကြည့်ရအောင် в хорошем качестве

Scuba Diving in Myanmar ရေအောက်အလှတွေကြည့်ရအောင် 1 год назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



Scuba Diving in Myanmar ရေအောက်အလှတွေကြည့်ရအောင်

မြန်မာနိုင်ငံမှာ ကမ္ဘာ့အသိအမှတ်ပြု လက်မှတ်ရထားတဲ့ Scuba Diving သင်တန်းရှိတာ အရမ်းပျော်မိတယ် “သင်ဟာဘယ်လောက်ပဲ ခရီးတွေသွားနေပါစေ … ရေအောက်ထဲငုတ်ပြီး ရေအောက်ကမ္ဘာကို မလေ့လာဖူးရင် ကမ္ဘာပတ်ဖူးတာစုံတယ်လို့ပြောလို့ မရပါဘူး” ဆိုပြီးစကားလေးရှိတာမှတ်မိသွားတယ် ရေအောက်မှာ အဲ့လောက်လှတဲ့ သန္တာကျောက်တန်းတွေ ၊ မလေ့လာဖူး မမြင်ဖူးတဲ့ သတ္တဝါလေးတွေကို တွေ့ရတော့ နောက်တစ်ခါထပ်လာဆင်းအူးမယ်ဆိုပြီး ဖြစ်ခဲ့တဲ့အထိပဲ … ခုဆိုရင် ရေငုတ်တဲ့ mask နဲ့ fin တွေကို online ကနေမွှေနေမိရော 🤭 သင်တန်းအကြောင်းဆက်ပြောမယ် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော PADI အသိအမှတ်ပြု စင်တာပေါ့နော်… ၂၀၁၄ မှာ Myanmar Dive Centre ဆိုပြီး ဆရာဝန်ဝါသနာရှင်တစ်ဦးက စတင်တည်ထောင်ခဲ့တယ်။ မြန်မာနိုင်ငံမှရှိတဲ့ ရေအောက်အလှတွေကို မြန်မာနိုင်ငံသူ/သားတွေ လေ့လာခွင့်ရအောင်ရယ် ၊ နိုင်ငံခြားသားတွေပါ မြန်မာနိုင်ငံရဲ့ရေအောက်အလှတွေကိုလေ့လာလို့ရအောင်ရယ်ပေါ့။ စျေးကလည်း နိုင်ငံခြားမှာလို စျေးမကြီးပဲ ပြည်တွင်းမှာလုပ်နိုင်တော့ ထက်အိအကြိုက်ပဲ🥰 💰230000 Ks ကနေ စသင်လို့ရတယ် ဘာတွေသင်လဲ? 🧐🤔 -ပထမ က ရေကူးကန်ထဲမှာအရင်ကျင့်ပေးတယ်…ရေကန်ထဲမဆင်းခင်လည်း အပြင်မှာစာတွေ့ရှင်းပြသေးတယ်။ 👉ရေအောက်ထဲမှာ မျက်မှန်ဝါးလာရင် / ရေဝင်ရင် အပေါ်ပြန်မတက်ပဲ ရေအောက်ထဲတင်ဘယ်လိုဆေးရတာ ၊ ဘယ်လိုပြန်ထုတ်တာ ၊ 👉အပေါ်တက်အောက်ဆင်း ကိုယ်တိုင်ထိန်းတာ 👉လက်အမူအရာ အချက်ပြနည်းတွေ ၊ 👉နားက နာပြီး pressure ဒဏ်မခံရအောင် equalized လုပ်နည်းတွေ ၊ 👉ပစ္စည်းအသုံးပြုပုံတွေပေါ့ …. နောက်ရက်မှ ပင်လယ်ထဲဆင်းရတယ် သေချာလိုက်ပေးတယ် သင်ပေးတယ် ၊ စနစ်ကျတယ် သင်ပေးတဲ့ဆရာကလည်း ပညာတတ် engineer ကိုဝါသနာပါလို့ Scuba Diving PADI Trainer အနေနဲ့ အဲ့မှာပဲနေတော့တာတဲ့ ရေအောက်ထဲက အလှတရားတွေကို လေ့လာချင်တဲ့သူတွေဆိုရင် ကြိုးစားကြည့်သင့်တယ်… အရင်ဆုံး once in a life time ပေါ့ ၊ ကြိုက်သွားတော့မှ ထပ်အဆင့်တက်တာပေါ့ 💕 🥰 ထက်အိတော့ ရေအောက်ထဲမှာ အရမ်းလှတဲ့ သန္တာကျောက်တန်းကြီးတွေ နဲ့ ငါးအုပ်တွေ ၊ အရောင်စုံ ငါးလေးတွေ တွေ့ခဲ့ရတယ်… ပြီးတော့ ကျောက်ဆောင်အပေါက်လေးတွေကြားထဲကထွက်နေတဲ့ အရောင်စုံမှိုပွင့်လေးတွေက လက်နဲ့ အရိပ်ပြလိုက်ရင် ပြန်ပြန်ဝင်သွားတာရောတွေ့ရတာ ထူးဆန်းတယ် ဆော့လို့ကောင်းတယ် 😂 ပြီးရင်ပြန်ထွက်လာရော ▪️PADI အသိအမှတ်ပြု Professional Instructor ကိုယ်တိုင် guide လုပ်ပြီး ခေါ်သွားပေးမှာဖြစ်လို့ အန္တရာယ်မဖြစ်စေဖို့ကိုလည်း အပြည့်အဝ အာမခံနိုင်တယ်။ လုပ်မယ်ဆိုရင်ကြိုပြီးတော့ Booking တင်ဖို့လိုတယ်နော် For more information @ www.divinginmyanmar.com 📞09 943 905 288 📞09 255 944 822 📞09 7300 9224 #scuba #scubadiving #scubadiving #underwaterlife #MyanmarDiveCenter #padi Scuba Diving in Maldives 🇲🇻    • Maldives မှာ ရေငုတ်မယ် 🤿 Scuba Diving...   Scuba Diving in Andaman Sea , Nyaung Oo Phee Island , Myanmar 🇲🇲    • Nyaung Oo Phee ဘယ်သူမှသိပ်မရောက်သေးတဲ...  

Comments