Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб ကျောက်ချဉ်က ဘာအတွက်ကောင်းစေသလဲဆိုတာ သင်သိပြီးပြီလား။ в хорошем качестве

ကျောက်ချဉ်က ဘာအတွက်ကောင်းစေသလဲဆိုတာ သင်သိပြီးပြီလား။ 11 месяцев назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



ကျောက်ချဉ်က ဘာအတွက်ကောင်းစေသလဲဆိုတာ သင်သိပြီးပြီလား။

ကျောက်ချဉ်ဆိုတဲ့ အသံကြားတာနဲ့ အရင်ဆုံး ချိုင်းချွေးနံ့ပျောက်ဖို့ သုံးကြတာကိုပဲ ပြေးမြင်မိကြမှာပါ။ ကျောက်ချဉ်ဆိုတဲ့နေရာမှာလည်း ကျောက်ချဉ်အမျိုးအစားတွေ အမျိုးမျိုးရှိကြပါတယ်။ အိမ်တွင်းသုံးကျောက်ချဉ်အမျိုးအစားက ပိုတက်ဆီယမ်ကျောက်ချဉ်တစ်မျိုးတည်းသာ သုံးကြပါတယ်။ ကျောက်ချဉ်က ကျန်းမာရေးအတွက် များစွာအထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ကျောက်ချဉ်ကဈေးသက်သာတဲ့အပြင် သူ့မှာပါဝင်တဲ့ အကျိုးကျေးဇူးတွေက အများကြီးရှိပါတယ်။ ဘယ်လို အကျိုးကျေးဇူးက ဘာအတွက်ကောင်းစေလဲဆိုရင် ခံတွင်း အနံ့ဆိုးများကို ကောင်းမွန်စေခြင်း ဆားအနည်းငယ် နဲ့ကျောက်ချဉ်အနည်းငယ်ကို ရောစပ်ပြီးရေနွေးနဲ့ဖျော်ပါ။ဖျော်စပ်ထားတဲ့ ခံတွင်းဆေးရည်နဲ့ တနေ့ ကို (၂) ကြိမ် (၃) ကြိမ် ထိ ပလုပ်ကျင်းပေးခြင်းက ခံတွင်း အနံ့ဆိုးများ ကို ပျောက်ကင်းစေပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း ပိုရှိစေပါတယ်။ ခံတွင်းအနာများကို သက်သာစေခြင်း ပါးစပ်ထဲမှာ အနာဖြစ်နေရင် ကျောက်ချဉ်အနည်းငယ်ကို အမှုန့်ကြိတ်ပြီး ခံတွင်းအနာပေါ်မှာ ဖိသပ်ပေးခြင်းက အနာတွေကို သက်သာစေနိုင်ပါတယ်။ ဒါ‌ပေမဲ့ ကလေးငယ်တွေအတွက်တော့ ဒီနည်းကမသင့်လျော်ပါဘူး။ ပိုပြီး အနာ ဖြစ်စေနိုင်ပါတယ်။ မိတ်ယားခြင်း၊ နှင်းခူအစို ၊ အဆိပ်ရှိတဲ့ပိုးမွှားများကိုက်ခြင်း မိတ်ပေါက်နေချိန် ယားယံခဲ့ရင် ကျောက်ချဉ်ရေကျဲကျဲ ဖျော်ပြီးလိမ်းပေးခြင်းက မိတ်ယားခြင်းကို သက်သာပါစေနိုင်ပါတယ်။ အဆိပ်ရှိတဲ့ပိုးမွှားများ ကိုက်ခံရရင်တော့ ကျောက်ချဉ်ကို ပျစ်ပျစ်ဖျော်လိမ်းပေးခြင်း ၊နှင်းခူအစို ဆိုရင်တော့ ကျောက်ချဉ်ကို အမှုန့်ကြိတ်ပြီး ဖြူးပေးခြင်းဖြင့် သက်သာစေပါတယ်။ မျက်စိပြည်တည်နာကိုသက်သာစေခြင်း မျက်စိပြည်တည်နာခြင်းကို ကျောက်ချဉ်ကို စန္ဒကူးအနှစ်နဲ့ ရောစပ်ပြီး အသုံးပြုလို့ရပါတယ်။ ရေသန့်စင်အောင်လုပ်ရာမှာ အသုံးပြုလို့ရခြင်း ကျောက်ချဉ်က ရေကို သန့်စင်ပေးဖို့အတွက် ရွှံ့ရေတွေကို သန့်စင်ပေးနိုင်ပြီး ရေထဲမှာပါတဲ့ အနယ်အနှစ်တွေကို စစ်ထုတ်အနည်ထိုင်စေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ခြေဖနောင့်ကွဲခြင်းကို သက်သာစေခြင်း ကျောင်ချဉ်ကို အပူပေး အအေးခံပြီးနောက် အမှုန်ကြိတ်လိုက်ပြီး အုန်းဆီနဲ့ရောစပ်လိမ်းပေးလိုက်ခြင်းက ခြေဖနောင့်ကွဲတာကို သက်သာစေပါတယ်။ ချိုင်းချွေးနံ့ပျောက်ခြင်း ကျောက်ချဉ်ဟာ အနံ့ဆိုးတွေကို တိုက်ဖျက်စေနိုင်ပြီး ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် ကျောက်ချဥ်ကို သွေးလိမ်းပေးခြင်း (သို့) ရေနဲ့ ကျောက်ချဉ်ကို စိမ်ထားတဲ့ အရည်ကို လိမ်းပေးခြင်းက ချိုင်းချွေးနံ့ကို ပျောက်ကင်းစေနိုင်သလို ချိုင်းသားမဲခြင်းကိုလည်း သက်သာစေနိုင်ပါတယ် ။ မုတ်ဆိတ်ရိတ်ခြင်း အတွက် အသုံးပြုနိုင်ခြင်း မုတ်ဆိတ်ရိတ်ပြီး တဲ့အခါကျောက်ချဉ်အရည်ကို ပုံမှန် လိမ်းပေးခြင်းက သင့်အသားအရေကို ကောင်းမွန်စေပါတယ် ။ မျက်နှာပေါ်က ဝက်ခြံအတွက် အသုံးပြုနိုင်ခြင်း ကျောက်ချဉ်ကို ကြက်ဥအကာနဲ့ ရောစပ်ပြီးလိမ်းပေးခြင်းက ဝက်ခြံ ကိုသက်သာစေနိုင်ပါတယ် ။ ကျောက်ချဉ်မှုန့်ကို ရေ(သို့) rose water တို့နဲ့ရောစပ်ပြီး ဆားဝက်ခြံတွေအပေါ် လိမ်းပေးခြင်း ၊ မျက်နှာပေါင်းတင်ခြင်းတို့ အနေနဲ့ လိမ်းပေးလို့ရပါတယ်။ အမွှေးကျွတ်ဆေးအဖြစ် အသုံးပြုနိုင်ခြင်း အမျိုးသမီးများ ခန္ဓာကိုယ်မှာပေါက်တဲ့ မလိုလားအပ်တဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားဖို့အတွက်လည်း ကျောက်ချဉ်ကို အသုံးပြုနိုင်ပါတယ်။ အရေးအကြောင်းတွေကို သက်သာစေခြင်း ကျောက်ချဉ်က အရေပြားကို တင်းရင်းနိုင်စေတာကြောင့် မျက်နှာနဲ့ လည်ပင်း တစ်ဝိုက်မှာရှိတဲ့ အရေးအကြောင်းတွေကို တင်းရင်းစေပြီး အစိုဓာတ်ကိုထိန်းသိမ်းပေးနိုင်တဲ့အတွက် လိမ်းပေးခြင်းက အရေးအကြောင်းများကို သက်သာစေပါတယ် ။ အိုမင်းရင့်ရော်မှုကို တိုက်ထုတ်ပေးနိုင်စွမ်း ရှိတဲ့အတွက် အရေပြားကို ချောမွေ့တောက်ပစေနိုင်ပါတယ်။ သဲဝဲစားခြင်း ကိုသက်သာစေခြင်း သဲဝဲစားခြင်း အတွက် ကျောက်ချဉ်မှုန့်ကို လက်ဖက်ရည် ဇွန်း၂ ဇွန်း (သို့) ၃ဇွန်း ကို ရေနွေးထဲထည့်ပြီး အနည်းဆုံး မိနစ် (၂၀) ခြေထောက်စိမ်ပေးခြင်းဖြင့် သဲဝဲ စားခြင်းကို သက်သာစေပါတယ် ။ သွေးတိတ်စေခြင်း အပေါ်ယံ ထိရှဲပေါက်ပြဲ ဒဏ်ရာလေးတွေထဲကို ကျောက်ချဉ်မှုန့်လေးတွေအနာပေါ် ဖြန်းပေးခြင်းက သွေးတိတ်စေပါတယ် ။ ဗောက်ပျောက်စေနိုင်ခြင်း ခေါင်းမှာ ဗောက်ထနေရင် ကျောက်ချဉ်အနည်းငယ်ကို ထည့်လျှော်ပေးမယ်ဆိုရင် ဗောက်တွေကို သက်သာစေပြီး ဦးရေပြားယားယံမှုကိုပါ သက်သာစေနိုင်ပါတယ်။ အများကြီး မသုံးမိစေဖို့တော့ လိုပါတယ်။ ကျောက်ချဉ်ကို အလွန်အကျွံသုံးစွဲမိမယ်ဆိုရင်တော့ သတိလစ်ခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကို ခံစားရစေနိုင်တာမို့ လိုတာထက် ပိုမသုံးမိဖို့ မှာလိုက်ချင်ပါတယ်။

Comments