Русские видео

Сейчас в тренде

Иностранные видео




Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



ကြက်သားစဉ်းကော အစပ် Myanmar mince chicken curry

စပါးလင်ရနံ့လေးနဲ့ မွှေးမွှေးစပ်စပ်လေး စားကောင်းတဲ့ ကြက်သားစဉ်းကောအစပ် ချက်နည်းလေးပါ။ ပထမဆုံး ကြက်သွန်ဖြူ - အမွှာ ၂၀ ကြက်သွန်နီ - ၃ လုံး စပါးလင် - ၁ ချောင်း ကို ထောင်းထား သို့မဟုတ် ကြိတ်ထားပေးပါ။ နံနံပင် - အနည်းငယ် ရဲ့ အမြစ်ကို ရေသေချာဆေးပြီး လှီးဖြတ်ထားပါမယ်။ အမြစ်ပိုင်းကို ဆီသတ်တဲ့နေရာမှာ သုံးပြီး အရွက်တွေကိုတော့ နောက်ဆုံး ဟင်းအိုးချခါနီးအုပ်မှာဖြစ်ပါတယ်။ ငရုတ်သီးစိမ်း - အနည်းငယ် ကို လှီးဖြတ်ထားပေးပါ။ ကြက်ပေါင် (အရိုးထုတ်ထားတာကို) အတုံးလေးတွေတုံးပြီး ဓားနဲ့ နုတ်နုတ်စဉ်းထားပါ။ ညက်နေအောင် မစဉ်းဘဲ မညက်တညက် ဆိုရင် ရပြီဖြစ်ပါတယ်။ အရသာနှပ်ဖို့အတွက် အချိုမှုန့် သို့ ကြက်သားမှုန့် - အနည်းငယ် ဆား - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း) နနွင်းမှုန့် - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း) ကိုထည့်ပြီးနှပ်ထားပေးပါ။ ဒါဆိုရင်စချက်လို့ရပါပြီ။ ဒယ်အိုးထဲဆီထည့်ပြီး ထောင်းထားတာတွေကို မွှေးလာတဲ့အထိ ဆီသတ်ပေးပါ။ မွှေးလာရင် နနွင်းမှုန့် - အနည်းငယ် ငရုတ်သီးမှုန့် - ၁ ဇွန်း (စားပွဲတင်ဇွန်း) ကိုထည့်ပြီး အနံ့ပျောက်တဲ့အထိဆီသတ်ပေးပါ။ ပြီးမှ နံနံပင်အမြစ်နဲ့ ငရုတ်သီးစိမ်းတွေထည့်မယ်။ အရသာနှပ်ထားတဲ့ ကြက်သားတွေထည့်မယ်။ မီးအေးအေးနဲ့ ကြက်သားထဲက ရေတွေကုန်ပြီး ‌ကျစ်သွားပြီဆိုမှ အသားမြှုပ်ရုံရေနွေးထည့်ပြီး ၁၀ မိနစ်လောက်တည်ထားပေးပါ။ အသားတွေကျက်ပြီဆိုမှ ဆီပြန်လာအောင် မီးအားမြင့်ပြီး ဆီပြန်လာရင် နံနံပင်အုပ်ပေးပါ။ ဒါဆိုရင် မွှေးပြီးစားကောင်းတဲ့ ကြက်သားစဉ်းကော လေးရပြီဖြစ်ပါတယ်။ ပါဝင်ပစ္စည်းများ ကြက်သွန်ဖြူ - အမွှာ ၂၀ ကြက်သွန်နီ - ၃ လုံး ငရုတ်သီးစိမ်း - အနည်းငယ် စပါးလင် - ၁ ချောင်း နံနံပင် - အနည်းငယ် ကြက်ပေါင်သား - အရိုးထုတ်ပြီးသား 2 ချောင်း အချိုမှုန့် သို့ ကြက်သားမှုန့် - အနည်းငယ် ဆား - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း) နနွင်းမှုန့် - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း) Florial Sunflower oil - ခွက် ၃ ပုံ၁ ပုံ နနွင်းမှုန့် - အနည်းငယ် ငရုတ်သီးမှုန့် - ၁ ဇွန်း (စားပွဲတင်ဇွန်း) တို့လိုအပ်ပါတယ်။ အခုမှ ဒီချန်နယ်ကိုရောက်လာတဲ့ သူငယ်ချင်းအသစ်တွေလည်း ကျွန်တော့်ရဲ့ Cookfork1 ချန်နယ် ကို Subscribe ပြီးအားပေးသွားပါဦးခင်ဗျာ ။ ဗီဒီယိုအသစ်တင်တိုင်း သိရဖို့အတွက် ဘေးနားက ခေါင်းလောင်းလေးကိုလည်း နှိပ်ဖို့မမေ့နဲ့နော်... ဗီဒီယိုကိုကြည့်ပြီး မရှင်းလင်းတာရှိရင်လည်း comment ပေးပြီးမေးလို့ရပါတယ်။ လာရောက်ကြည့်ရှုသူ သူငယ်ချင်းလုံး ကျန်းမာပျော်ရွှင်ကြပါစေ။

Comments