Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб စစ်အာဏာသိမ်းကာလမှာ ရာထူးတိုးလာတဲ့ “ဒွေး” မောင်နှမ (ရုပ်/သံ) в хорошем качестве

စစ်အာဏာသိမ်းကာလမှာ ရာထူးတိုးလာတဲ့ “ဒွေး” မောင်နှမ (ရုပ်/သံ) 3 недели назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



စစ်အာဏာသိမ်းကာလမှာ ရာထူးတိုးလာတဲ့ “ဒွေး” မောင်နှမ (ရုပ်/သံ)

စစ်အာဏာသိမ်းကာလမှာ ရာထူးတိုးလာတဲ့ “ဒွေး” မောင်နှမ (ရုပ်/သံ) ဧရာဝတီ၊ ဩဂုတ် ၂၈၊ ၂၀၂၄ စစ်တပ်က အာဏာာသိမ်းပြီးနောက် နောက်တဆင့် ရာထူးတိုးပေးခြင်းခံရသည့် မောင်နှမ နှစ်ယောက်ရှိသည်။ သူတို့နှစ်ဦးမှာ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဒေါက်တာ စုစုဒွေးတို့ ဖြစ်သည်။ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဒေါက်တာ စုစုဒွေးတို့သည် မောင်နှမ အရင်းများ ဖြစ်ကြသည်။ စစ်တပ် အာဏာမသိမ်းခင်က ဒေါက်တာ စုစုဒွေးသည် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဆေးရုံအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သို့သော် စစ်တပ်က အာဏာသိမ်းပြီး တနှစ်ခန့်အကြာတွင် ဆေးရုံအုပ်ကြီးရာထူးထက် အဆင့်မြင့်သော ကျန်းမာရေးဝန်ကြီးဌာန၏ တိုင်းရင်းဆေးဌာနတွင် ညွှန်ကြားရေးမှူးချုပ်ရာထူး တိုးပေးခဲ့သည်။ ဒေါက်တာ စုစုဒွေးသည် ကျန်းမာရေးဝန်ကြီးဌာနတွင် အသက်ပြည့်၍ ပင်စင်ယူရသည့်အရွယ် ရောက်လာပါက ကျန်းမာရေးဝန်ကြီးဌာနတွင် ဝန်ကြီး သို့မဟုတ် ဒုဝန်ကြီး ဖြစ်လာမည့်သူဟုလည်း ထင်ကြေးပေးခံထားရသူ ဖြစ်သည်။ အလားတူ ဒေါက်တာ စုစုဒွေး၏ အကိုဖြစ်သူ ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဗိုလ်ချုပ်ကြီးရာထူး တိုးပေးခဲ့သည်။ အာဏာမသိမ်းခင်အထိ စစ်ဥပဒေချုပ်တာဝန် ယူခဲ့သော ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးသည် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ အတွင်းရေးမှူးတာဝန် ပေးခံရပြီး မကြာသေးခင်က နောက်တဆင့် ရာထူးတိုးပေးခြင်းခံရသည်။ #မြန်မာ #ဧရာဝတီ #အောင်လင်းဒွေး #စုစုဒွေး #မင်းအောင်လှိုင် #အာဏာသိမ်း စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR

Comments