Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб ၄ ရက်တာ အပစ်ရပ်ကြောင်း MNDAA ကြေညာ... ဆားတောင်မြို့ ရဲစခန်းကို PDFတိုက်ခိုက်... в хорошем качестве

၄ ရက်တာ အပစ်ရပ်ကြောင်း MNDAA ကြေညာ... ဆားတောင်မြို့ ရဲစခန်းကို PDFတိုက်ခိုက်... 2 месяца назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



၄ ရက်တာ အပစ်ရပ်ကြောင်း MNDAA ကြေညာ... ဆားတောင်မြို့ ရဲစခန်းကို PDFတိုက်ခိုက်...

၄ ရက်တာ အပစ်ရပ်ကြောင်း MNDAA ကြေညာ... ဆားတောင်မြို့ ရဲစခန်းကို PDF တိုက်ခိုက်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ (၁၅- ၇- ၂၀၂၄) ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၂၀ ရက်မြောက်နေ့မှာ မိုးကုတ်၊ မိုးမိတ်ဖက်မှာ တိုက်ပွဲဆက်ဖြစ်နေပြီး ထူးခြားတာကတော့ မိုးကုတ်ဖက်မှာ စခန်းစွန့်ခွာထွက်ပြေးသွားတဲ့စစ်သားတွေဟာ အနီးဝန်းကျင်ရှိ နေအိမ်တွေထဲ ဝင်ရောက်ခုံလှုံပြီး အရပ်ဝတ်တွေနဲ့ ပြန်လည်ခုခံနေတဲ့ အတွက် အဲဒီလိုနေရာတွေကို အလေးထားပြီး ရှင်းလင်းနေရတယ်လို့ PSLF/ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ပြောခွင့်ရက BNN ကိုပြောပါတယ်။ နောက်ထပ် ထူးခြားချက်ကတော့ ပြီးခဲ့တဲ့သီတင်းပတ်က SSPP - ရှမ်းပြည်တိုးတက်ရေးပါတီနဲ့ ဖြစ်ပွားခဲ့တဲ့ ပြသာနာတွေကို UWSA ဝ တပ်ဖွဲ့ဌာနချုပ်ရှိရာ ပန်ဆန်းမှာ ၂ ဖက် ကိုယ်စားလှယ်တွေ ဆွေးနွေးကြပြီး ပြေလည်မှုရသွားပြီလို့ လွေးယေဦးက ဆက်ပြောပါတယ်။ ဒေသတွင်း မီဒီယာတွေရဲ့ ဖေါ်ပြချက်အရ ပန်ဆန်းဆွေးနွေးပွဲကို TNLA ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း ဦးဆောင်ပြီး SSPP/SSA ဘက်က ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး စပ်ခွန်စိုင်း ဦးဆောင်ခဲ့တယ်လို့ သိရပါတယ်။ TNLA နဲ့ SSPP တို့ဟာ UWSA ဝ-အဖွဲ့ ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေးကော်မတီ (FPNCC) ရဲ့ အဖွဲ့ဝင်တွေဖြစ်တာကြောင့် အခုလို ပန်ဆန်းမှာ ဆွေးနွေးကြတာဖြစ်ပါတယ်။ ဒါ့အပြင်... - တရုတ်ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ် အစည်းအဝေး ကျင်းပဖို့ရှိနေတဲ့အတွက် ဇူလိုင် ၁၄ ရက်နေ့ ညကနေ ၁၈ ရက်နေ့အထိ အပစ်ရပ်တယ်လို့ MNDAA - ကြေညာ... - ညောင်ရွှေမြို့နယ်၊ နန့်ဗွမ်ကျေးရွာ စစ်ကောင်စီစခန်းကနေ ထွက်လာတဲ့ PNO ပအိုဝ်ပြည်သူ့စစ် ၂ ဦးကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် လက်နက်ငယ် ၂ လက်ရရှိ... - စဉ့်ကူးမြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူ သုံးနေတဲ့အတွက် အရပ်သား ထိခိုက်မှုရှိနိုင်... - ဆားတောင်မြို့ ရဲစခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်တဲ့အတွက် စစ်တပ်ဖက်က ၁၀ ကျော်အထိ သေဆုံးနိုင်တယ်လို့ Zero - ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မြင်းခြံ က သတင်းထုတ်ပြန်... - (PDF)၊ အလယ်ပိုင်းတိုင်း၊ ကယား(ကရင်နီ)စစ်ဒေသခွဲ အပတ်စဉ် (၂ / ၂၀၂၄) သင်တန်းဆင်းပွဲကို ဇူလိုင် ၁၁ ရက်က ကျင်းပ... ... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။ (သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။    / burmanewsnetwork  )

Comments