Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб ဒီမိုကရေစီ အောင်ပွဲလား ..... ကြေမွတိုင်းပြည် ဖြစ်သွားနိုင်လား - BBC News မြန်မာ в хорошем качестве

ဒီမိုကရေစီ အောင်ပွဲလား ..... ကြေမွတိုင်းပြည် ဖြစ်သွားနိုင်လား - BBC News မြန်မာ 1 месяц назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



ဒီမိုကရေစီ အောင်ပွဲလား ..... ကြေမွတိုင်းပြည် ဖြစ်သွားနိုင်လား - BBC News မြန်မာ

မြန်မာနိုင်ငံထဲက ပြည်တွင်းစစ် ဆက်လက်ကျယ်ပြန့်ပြီး ပြင်းထန်နေပါတယ်။ မန္တလေးမြို့ပေါ် အထိ စစ်ရေး ဆောင်ရွက်ချက်တွေ ရှိလာသလို၊ ရခိုင်မှာ ဆိုရင်လည်း မြို့တော် စစ်တွေနားအထိ စစ်ပွဲရောက်လာပါတယ်။ စစ်တပ်ဘက်ကလည်း ရှမ်းမြောက်ဒေသ၊ ကရင်နီနဲ့ မန္တလေး စစ်ကိုင်းထဲက နေရာတွေမှာ လေကြောင်း တိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်ပါတယ်။ ညီနောင် မဟာမိတ် ၃ ဖွဲ့ကိုလည်း အကြမ်းဖက် အဖွဲ့တွေ အဖြစ် ပြန်လည် သတ်မှတ် ကြေညာပါတယ်။ ဒီတစ်ပတ်မှာတော့ မြန်မာစစ်တပ်ရဲ့ လက်ရှိ အနေအထား အပေါ် သုံးသပ်ရင်းမှာပဲ၊ မြန်မာစစ်တပ်ကို စစ်ရေးနည်းနာသုံးပြီး ဖယ်ရှားနိုင်ပြီ ဆိုရင် ဖြစ်လာနိုင်တဲ့ အခြေအနေတွေ အကြောင်း ဆွေးနွေးသွားဖို့ ရှိပါတယ်။ တော်လှန်ရေး အင်အားစုတွေရဲ့ စစ်ရေးအရ အောင်မြင်မှု တစ်နည်းအားဖြင့် မြန်မာစစ်တပ်ရဲ့ စစ်ရေး ရှုံးနိမ့်မှုတွေဟာ ဒီမိုကရေစီ ထွန်းကားရေးနဲ့ ညီမျှခြင်းချနိုင်လား .... ဒါမှမဟုတ် အတိုက်အခံတွေ ရည်ညွှန်းပြောကြသလို တည်ငြိမ်မှုကို နိုင်ငံ လွှမ်းခြုံ ထိခိုက် ပျက်ပြားစေရုံမက၊ ဒေသတွင်းကိုပါ ရိုက်ခတ်နေတာရဲ့ အဓိက လက်သည် စစ်တပ်ကိုသာ ဖယ်နိုင်ရင် အနာဂတ် နိုင်ငံ အတွက် ပေါင်းစည်း ညီညွတ်မှု၊ ညှိနှိုင်းမှုတွေဟာ အနှစ်သာရ ရှိရှိ ဖြစ်လာနိုင်လား .... စစ်တပ်လွန်ကာလ တိုင်းပြည်ကို အစိတ်စိတ်အပိုင်းပိုင်း ဖြစ် မသွားစေပဲ တော်လှန်ရေး အင်အားစုတွေဟာ ဦးဆောင်မှုကဏ္ဍမှာ တာဝန်ယူဖို့ တစည်းတလုံးတည်းနဲ့ အသင့်ဖြစ်နေကြလား .... စတာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားဖို့ ရှိပါတယ်။ ဒီတစ်ပတ် ပါဝင်ဆွေးနွေး ထားကြသူတွေကတော့ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးပညာရှင်၊ အမေရိကန် စစ်တပ်က အငြိမ်းစား ဒုဗိုလ်မှူးကြီး ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်နဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ဆိုင်ရာ မြန်မာ အင်စတီကျု MIPS ရဲ့ အမှုဆောင် ဒါရိုက်တာ လည်းဖြစ်၊ ဝါရှင်တန်ဒီစီမြို့တော် အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေး ဌာန CSIS ရဲ့ အရှေ့တောင် အာရှ ဒေသဆိုင်ရာ ပရိုဂရမ်မှာ သုတေသီ တစ်ယောက်လည်း ဖြစ်တဲ့ ဒေါက်တာ မင်းဇော်ဦးတို့ရဲ့ သုံးသပ်ချက်တွေကို နားဆင်ရမှာ ဖြစ်ပါတယ်။ ဘီဘီစီသတင်းထောက် ကိုဝေဖြိုး စီစဥ် တင်ဆက်ထားတာကို စက်တင်ဘာ ၇ ရက်၊ စနေည မြန်မာစံတော်ချိန် ည ၈ နာရီမှာ ဘီဘီစီမြန်မာပိုင်းရဲ့ ဖေ့စ်ဘုတ် စာမျက်နှာနဲ့ ည ၈ နာရီခွဲ အချိန် ဘီဘီစီမြန်မာပိုင်းရဲ့ ယူကျု့ချန်နယ်တို့ကနေ ထုတ်လွှင့်ပေးမှာမို့ စောင့်မျှော် ကြည့်ရှု နိုင်ကြပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း

Comments