У нас вы можете посмотреть бесплатно ရေကြီးမှု မတိုင်မီ၊ အတောအတွင်းနဲ့ ပြီးနောက် လုပ်ဆောင်ရမယ့်အရာများ 🍀 или скачать в максимальном доступном качестве, которое было загружено на ютуб. Для скачивания выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса savevideohd.ru
မြန်မာပြည်မှာ ခုလတ်တလော ရေကြီးမှုကို နေရာတော်တော်များများ ရင်ဆိုင်နေရပါတယ်.. ရေကြီးမှုမတိုင်မီ၊ အတောအတွင်းနဲ့ ပြီးနောက် လုပ်ဆောင်ရမယ့်အရာများကို ပြောပြပါရစေ အခြေခံအကြောင်းရင်းများစွာအနက် တချို့ကတော့ မိုးရွာသွန်းမှုအခြေအနေ၊ မြေမျက်နှာပြင်အခြေအနေ၊ ရေကြီး မှုထိန်းချုပ်ရေး လုပ်ဆောင်ချက်များ၊ ဆောက်လုပ်ရေး လုပ်ငန်းအသစ်များကြောင့် မြစ်ရေစီးဆင်းမှုနှင့်မြစ်ကြောင်း ပြောင်းလဲမှုအခြေအနေတို့ ဖြစ်ပါတယ်။ ရေကြီးမှုမဖြစ်ခင် ဘယ်လိုမျိုးကြိုတင်ကာကွယ်ထိန်းချုပ်မှုတွေလုပ်ရမယ် အရေးပေါ်ပစ္စည်းများကို အထုပ်ထုပ်ထားပါ။ ရေကြီးမှုကြောင့် မိသားစုတွေတကွဲတပြား ဖြစ်သွားနိုင်ပါတယ်။ ဒီလိုမဖြစ်ရအောင် ဘယ်လိုမျိုးအတူ နေထိုင်ကြမယ်ဆိုတာရယ်၊ တကယ်လို့များ တကွဲတပြားစီဖြစ်သွားရင် တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမျိုးဆက်သွယ်ကြမယ်ဆိုတာရယ်ကို ကြိုတင်စီစဉ်ထားရပါမယ်။ ကိုယ်က ကိုယ့်အိမ်ကို ခြေတံရှည်ဆောက်ထားတာမျိုး၊ သဲအိတ်တွေနဲ့ ကာရံထားတာမျိုး၊ တောင့်တင်း ခိုင်မာအောင် ဆောက်ထားတာမျိုး မဟုတ်ဘူးဆိုရင် ရေမကြီးခင် အဲဒီအိမ်ကနေ ဘေးလွတ်ရာကို ရှောင်တိမ်းတာက အကောင်းဆုံးဖြစ်ပါတယ်။ ကိုယ့်အိမ်က မကြာခဏရေကြီးမှု ဖြစ်လေ့ရှိတဲ့ နေရာမှာရှိတယ်ဆိုရင် မီးဖိုတို့၊ ရေပူစက်တို့၊ လျှပ်စစ်ဘုတ်ခုံတို့ကို အမြင့်တစ်နေရာမှာ ထားထားပါ။ ဖြစ်နိုင်ပါက ကိုယ်နေတဲ့အဆောက် အအုံအတွင်း ရေဝင်ရောက်မှုမရှိရလေအောင် အတားအဆီးများ တည်ဆောက်ပြီး မြေအောက်ထပ်ရှိနံရံများကိုလည်း ရေစိမ့်ဝင်မှုမရှိအောင် သေချာစနစ်တကျ လုပ်ဆောင်ထားဖို့ လိုအပ်ပါတယ်။ ရေကြီးစဉ်အတောအတွင်း ဘယ်လိုမျိုးရှင်သန်နေထိုင်ရမယ်. ရေကြီးမှုနဲ့ ပတ်သက်တဲ့သတင်းတွေ ထုတ်လွှင့်မှုကို အဆက်မပြတ်နားထောင်နေဖို့ လိုပါတယ် ကိုယ်နေတဲ့နေရာမှာ ရုတ်တရက်ရေကြီးမှုက အချိန်မရွေးဖြစ်သွားနိုင်တယ် ဆိုတာကို အမြဲတမ်းသတိပြုရပါမယ်။ တကယ် လို့များ ရုတ်တရက်ရေကြီးမှုဖြစ်နိုင်ခြေရှိတယ်ဆိုတာကိုသိတာနဲ့တစ်ပြိုင်နက် ကုန်းမြင့်နေရာပေါ်ကို ချက်ချင်းပြောင်း ရွှေ့နေထိုင်ဖို့ လိုပါတယ်။ ရေကြီးတဲ့အချိန် ကိုယ့်အိမ်ကိုစွန့်ခွာရတော့မယ်ဆိုရင် ကိုယ့်ရဲ့နေအိမ်ကို လုံခြုံစွာသော့ခတ်ပါ။ အချိန်ရသေးတယ်ဆိုရင်တော့ အိမ်အပြင်မှာရှိတဲ့ ပရိဘောဂပစ္စည်းတွေကို အိမ်ထဲ ရွှေ့ခဲ့ပါ။ မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေကို အိမ်အပေါ်ထပ်ရှိရင် အိမ်အပေါ်ထပ်၊ အိမ်အပေါ်ထပ်မရှိရင် အမြင့်တစ်နေရာမှာ ထားခဲ့ပါ။ အထူးသဖြင့် လျှပ်စစ်အန္တရာယ်ကို သတိထားရပါမယ်။ အကောင်းဆုံးကတော့ အိမ်မှာရှိတဲ့ မိန်းခလုတ်ကို ချထားပါ။ လျှပ်စစ်အသုံးအဆောင်ပစ္စည်းများကို ပိတ်ထားပါ။ ကိုယ်ကရေစိုနေတယ်ဆိုရင် ဒါမှမဟုတ် ရေထဲမှာ မတ်တတ်ရပ်နေရတယ် ဆိုရင် လျှပ်စစ်ပစ္စည်းတွေကို မထိမိပါစေနဲ့။ ရေကြီးမှုပြီးနောက် ဘာတွေကိုမဖြစ်မနေ လုပ်ဆောင်သင့်တယ် ရေကြီးမှုကြောင့် ပျက်စီးမှုဖြစ်နေတဲ့ နေရာတွေမှာမနေတာ ပိုကောင်းပါတယ်။ တကယ်လို့ သွားချင်လာချင်တယ်ဆိုရင်လည်း ရဲတပ်ဖွဲ့ဝင်တွေ၊ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေရဲ့ အကူအညီ နဲ့သာ သွားသင့်ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ရေကြီးတဲ့နေရာမှာရှိနေတဲ့သူတွေကို ကယ်ဆယ်ရေး လုပ်ငန်းတွေဆောင် ရွက်မှာဖြစ်ပါတယ်။ ဒီအချိန်မှာကိုယ်က သူတို့ရဲ့လမ်းကိုသွားပြီး ပိတ်မနေခြင်းအားဖြင့် သူတို့ကိုကူညီရာရောက်ပါတယ်။ ကိုယ့်နေရာမှာ ရေကျသွားပေမယ့်လည်း ရုတ်တရက်ရေကြီးတာမျိုး၊ နောက်ထပ်ရေကြီးတာမျိုး ဖြစ်လာနိုင်သေးတာကို သတိပြုရပါမယ်။ ဒါကြောင့် တာဝန်ရှိသူများရဲ့ သတိပေးချက်များကို နားထောင်ပြီး လိုက်နာသင့်ပါတယ်။ အကယ်၍များ ကိုယ့်နေရာမှာရေကျသွားလို့ ကားနဲ့ပြန်လာတဲ့အချိန် ရုတ်တရက်ရေတက်မှုနဲ့ ရင်ဆိုင်ရတယ်ဆိုရင် ကားထဲကနေချက်ချင်းထွက်ပြီး ကုန်းမြင့်တစ်နေရာကို အမြန်ဆုံးသွားရပါမယ်။ တာဝန်ရှိသူများက ဘေးကင်းစိတ်ချရပြီဖြစ်ကြောင်း အသိပေးနှိုးဆော်မှသာ ကိုယ့်အိမ်ကိုယ့်နေရာကို ပြန်သွားရပါမယ်။ လမ်းမှာ အတားအဆီးတွေရှိနေသေးတယ်ဆိုရင် ဖြတ်မသွားပါနဲ့။ တခြားလမ်းကသွားပါ။ အဲဒီအတားအဆီးများက သင့်ကိုဘေးမဖြစ်စေဖို့အတွက် ကာရံပေးထားတာဖြစ်ပါတယ်။ ရေကျသွားတဲ့နေရာတွေကို သတိထားပါ။ အဲဒီနေရာမှာရှိတဲ့လမ်းတွေက မြေသားပျော့ပြီး ကားတစ်စီးရဲ့အလေးချိန်ကို ခံနိုင်မှာ မဟုတ်ပါဘူး။ အဆောက်အအုံတွေထဲပြန်ဝင်တဲ့အခါမှာတော့ သတိကြီးစွာထားဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ရုတ်တရက်ကိုယ်မမြင် နိုင်တဲ့ အပျက်အစီးအပိုင်းအစတွေ ရှိနေ နိုင်လို့ပါ။ အရေးကြီးဆုံး တခု လို့ ပြောရမှာပါ.. ကျန်းမာအောင် နေထိုင်ဖို့ အတတ်နိုင်ဆုံး တက်လာတဲ့ရေတွေနဲ့ ဝေးရာမှာနေပါ။ အဲဒီရေတွေဟာ အညစ် အကြေးတွေနဲ့ ပြည့်နေတတ်ပါတယ်။ မိလ္လာစနစ်ပျက်စီးသွားတယ်ဆိုရင် အဲဒါကိုအရင်ဆုံးပြုပြင်ပါ။ အဲဒီစနစ်ကို အရင်မပြုပြင်ရင် ကိုယ်အပါအဝင် ကိုယ့်မိသားစုဝင်တွေ ဆေးရုံအရင်တက်ရပါလိမ့်မယ်။ သောက်ရေအတွက်ဆိုရင် ယခင်ကတည်းက ကြိုတင်စုဆောင်းထားတာရှိတယ်ဆိုရင်၊ အဲဒီရေကလည်း ဘယ်လို အညစ်အကြေးနဲ့မှထိတွေ့ထားခြင်းမရှိဘူးဆိုရင် အသုံးပြုလို့ရပါတယ်။ ဒါမှမဟုတ်လည်း တာဝန်ရှိသူတွေလမ်းညွှန်တဲ့ သောက်ရေကန်ကရေကို ရယူသုံးစွဲနိုင်ပါတယ်။ ရေကြီးခြင်းကြောင့်စိုသွားတဲ့အရာမှန်သမျှကို သန့်ရှင်းရေးပြုလုပ်ပြီးပိုးသတ်ဖို့ လိုပါမယ်။ ရေကြီးမှုနဲ့အတူပါလာတဲ့ ရွှံ့ညွန်တွေထဲမှာ မိလ္လာအညစ်အကြေးများနဲ့ ဓာတုပစ္စည်းများ ပါဝင်နေနိုင်ပါတယ်။ မကြာခဏအနားယူပြီး အာဟာရပြည့်ဝစွာ စားသောက်ရပါမယ်။ ကိုယ်လုပ်ရမယ့်အလုပ်များကို အချိန်ဇယားသတ် သတ်မှတ်မှတ်ထားပြီး လုပ်ဆောင်ပေးရပါမယ်။ လိုအပ်ပါက ကျန်းမာရေးအဖွဲ့ သို့ ကြက်ခြေနီအဖွဲ့နဲ့ ဆက်သွယ်ပြီး ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကျန်းမာ ရေးအတွက် အကူအညီရယူဖို့ လိုအပ်ပါတယ် မြန်မာပြည်သူပြည်သားများ အားလုံးလည်း အခု ရာသီအတွင်းမှာ သတိဝီရိယရှိစွာ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှုများကြောင့် မုန်တိုင်းဘေးအန္တရာယ်၊ ရေကြီးမှုအန္တရာယ် အစရှိတဲ့ ဘေးအန္တရာယ် အမျိုးမျိုးကနေ ကောင်းစွာ ကျော်လွှားနိုင်ကြပါစေ။ 🍀🍀🌷🌷