Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб VitaminB1,6,12 ဆိုတာ ဘာလဲ??? в хорошем качестве

VitaminB1,6,12 ဆိုတာ ဘာလဲ??? 1 год назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



VitaminB1,6,12 ဆိုတာ ဘာလဲ???

VitaminB1,6,12 ကို Betex , Princi-B Forte , Dilconeurine , Neurofort , Neurobion အနီ,အပြာ, Neurobest, Synaervit , Stadneuron .. တို့ ဆိုပြီး ဈေးကွက်ထဲမှာ အမျိုးမျိုး လာပါတယ်။တစ်မျိုးနဲ့တစ်မျိုး ပါဝင်တဲ့ တစ်ခုချင်းစီ ပမာဏတွေကတော့ အနည်းငယ် ကွာခြားနိုင်ပါတယ်။ VitaminB1,6,12 ဆိုတာ ဘာလဲဆိုရင် အာရုံကြောရဲ့ လုပ်ငန်းဆောင်တာတွေအတွက် အရေးပါတဲ့ (ရေမှာ ပျော်ဝင်နိုင်တဲ့) Vitaminတွေ ဖြစ်ပါတယ်။ အာရုံကြောထိခိုက်ပျက်စီးတဲ့လက္ခဏာ(ဥပမာ ခြေထောက်နဲ့လက်တွေမှာ ထုံကျဉ်တာတွေဖြစ်တဲ့ အခါမျိုး) တွေကို သက်သာစေတယ်။ Neurotropic Vitamins တွေလို့ခေါ်ပြီး သူတို့တစ်ခုချင်းမှာလည်း အာရုံကြောဆိုင်ရာကောင်းကျိုးတွေ ရှိကြပါတယ်။ဆီးချိုကြောင့်ဖြစ်တဲ့ အာရုံကြောပြဿနာတွေနဲ့ အရက်ကြောင့် ဦးနှောက်အပြင်ဘက်ပိုင်းမှာရှိတဲ့အာရုံကြောတွေရောင်ရမ်းတဲ့အခါမျိုးတွေမှာ အသုံးပြုနိုင်တယ်။ ကျောရိုးမအာရုံကြောရောင်ရမ်းတာ နာကျင်တာတွေ(ဥပမာ ခါးနာတာမျိုး၊တင်ပါးတလျှောက်နာနေတာမျိုး၊ မျက်နှာကကြွက်သားတွေလှုပ်ရှားမရတော့တာမျိုး) အတွက် အသုံးပြုနိုင်ပါတယ်။ Vitamin B1,6,12 ကို လူကြီးလူငယ် အသုံးပြုနိုင်ပါတယ်။ ကာကွယ်ရန်- တစ်နေ့ ၁ကြိမ်မှ ၂ကြိမ် ကုသရန်- တစ်နေ့ ၂ကြိမ်မှ ၃ကြိမ် ဆိုးကျိုးတွေကတော့ ဂဏာမငြိမ်တာ၊အရေပြားတွေ ယားယံတာ၊မျိုချရခက်ခဲတာ၊ချောင်းဆိုးတာ အသက်ရှုရခက်ခဲတာ၊ချွေးထွက်များတာ၊ခန္ဓာကိုယ်က ပူနွေးနေတာ၊သွေးဖိအားကျတာ၊အနီစက်ထတာ၊ပျို့အန်ချင်တာ၊အားနည်းတာ၊အိပ်ချင်တာ၊ ခြေလက်တွေမှာ ကျဉ်နေတာ၊ရောင်ရမ်းတာ၊ကိုယ်အလေးချိန်မြန်မြန်တက်လာတာနဲ့ Hyperactivity တွေလည်း ရှိတတ်ပါတယ်။ Movie မှာ ပြောပြပေးထားတဲ့ Vitamin B 1,6,12 ဆေး​အကြောင်းကို "What Are the Benefits of Vitamins B1, B6 & B12? By Sandi BuschUpdated December 07, 2018" Newspaper ကနေကောက်နုတ်ပြီး ပြောပြပေးထားတာပဲ ဖြစ်ပါတယ်။ ကျေနပ်ကြမယ်လို့ မျော်လင့်ပါတယ်။ FacebookPage   / pwint-phyu-win-pharmacist-105877064466233   #VitaminB1612 #PwintPhyuWin_Pharmacist

Comments