У нас вы можете посмотреть бесплатно ကြက်ကောင်လုံးပျားရည်ကင် или скачать в максимальном доступном качестве, которое было загружено на ютуб. Для скачивания выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса savevideohd.ru
Taste Window ပရိသတ်တွေအားလုံး မင်္ဂလာပါ။ အခုတစ်ခေါက်မှာတော့ စားဖိုမှူးအံ့ဝင့်ထွဋ်ရဲ့ ကြက်ကောင်လုံးပျားရည်ကင်ကို တင်ပြပေးမှာ ဖြစ်ပါတယ်။ ကြက်ကောင်လုံးကို အနံ့မွှေးပြီး အရသာကောင်းအောင် ဆောစ့်စပ်တဲ့အခါမှာ ပျားရည်ကို ထည့်သွင်းအသုံးပြုထားပါတယ်။ ကြက်သားကို ဆော့စ်နဲ့ သေချာနယ်နှပ်ပြီးမှ ကင်ထားတာြဖစ်လို့ အသားထဲကိုအရသာတွေစိမ့်ဝင်နေပြီး အရမ်းကိုအရသာရှိပါတယ်နော်။ ထမင်းနှင့်တွဲဖက်စားသုံးနိုင်သလို၊ သူ့ချည်းအတိုင်းပဲလည်း စားလို့ရပါတယ်။ မိသားစုတွေအားလုံး အကြိုက်တွေ့စေမယ့် ကြက်ကောင်လုံးပျားရည်ကင်ကို မိမိတို့အိမ်မှာ လိုက်လုပ်စားကြည့်ကြဖို့ အကြံပေးချင်ပါတယ်။ ပါဝင်ပစ္စည်းအချိုးအစားပမာဏတွေကို ဖော်ပြပေးလိုက်ပါတယ်။ ချင်း - ၈ဂရမ် (နုပ်နုပ်စဉ်း)၊ ကြက်သွန်ဖြူ - ၅မြွှာ (နုပ်နုပ်စဉ်း)၊ နံနံပင် - ၂ဂရမ်(နုပ်နုပ်စဉ်း)၊ ဆား - လက်ဖက်ရည်ဇွန်း ၁/၄ဇွန်း၊ အရသာမှုန့် - လက်ဖက်ရည်ဇွန်း ၁/၄ဇွန်း၊ သကြား - ၁/၂ဇွန်း၊ တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း ၂ဇွန်း၊ ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်း ၊ ခရုဆီ - စားပွဲတင်ဇွန်း ၁ဇွန်း၊ ပဲငံပြာရည်အကြည် - စားပွဲဇွန်း ၁/၂ဇွန်း၊ ငံပြာရည် - စားပွဲဇွန်း ၁/၂ဇွန်း၊ ဆီ - စားပွဲတင်ဇွန်း ၁/၂ဇွန်း၊ နှမ်းဆီ - စားပွဲဇွန်း ၁/၂ဇွန်း ၊ ပျားရည် - စားပွဲဇွန်း ၁ဇွန်း၊ Borges Apple Cider Vinegar - စားပွဲဇွန်း ၁ဇွန်း တို့ဖြစ်ပါတယ်။ အချဉ်ပြုလုပ်ရန်အတွက် ကြက်သွန်ဖြူ - ၄မြွှာ (နုပ်နုပ်စဉ်း) ၊ နံနံပင် - ၂ဂရမ် (နုပ်နုပ်စဉ်း)၊ ငရုတ်သီးစိမ်း - ၅တောင့် (နုပ်နုပ်စဉ်း)၊ သံပရာသီး - ၂စိတ်၊ Sweet Chili Sauce - စားပွဲတင်ဇွန်း ၄ဇွန်း၊ ဆား - လက်ဖက်ရည်ဇွန်း ၁/၆ ဇွန်း၊ အရသာမှုန့် - လက်ဖက်ရည်ဇွန်း ၁/၆ ဇွန်း၊ ငံပြာရည် - လက်ဖက်ရည်ဇွန်း ၂ဇွန်း၊ Borges Apple Cider Vinegar - စားပွဲဇွန်း ၂ဇွန်း တို့ဖြစ်ပါတယ်။