Русские видео

Сейчас в тренде

Иностранные видео




Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



1

အားလုံးပဲ မင်္ဂလာပါ ကျတော် ခုတင်ပြပေးချင်တဲ့ အကြောင်းအရာကတော့ ကမာ့ဘောလုံးစင်မြင့်ထက်မှာ နေရာတစ်ခုကို ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့တဲ့ ဘောလုံးအားကစားသမားတစ်ယောက်အကြာင်းပဲ ဖြစ်ပါတယ်။ သူ့ကို ဘရာဇီးနိုင်ငံ ဖိုတိုအလက်ဂရီ ဆိုတဲ့ မြို့ရဲ့ ဆင်းရဲသား ဆင်ခြေဖုံးရပ်ကွက်တစ်ခုကနေ ၁၉၈၀ မတ်လ ၂၁ တစ်ရက်နေ့မှာ မွေးဖွားခဲ့ပါတယ် သူ့ရဲ့နာမည်ကတော့ ဘောလုံးပုရိသတွေကြား ခုချိန်ထိ စကေးဘုရင် ရော်နယ်ဒင်ဟို လို့ခေါ်တဲ့ ဘလွန်းဒီအော် ဆုရှင် တစ်ယောက်ပဲဖြစ်ပါတယ် သူနဲ့ ရဲ့ ကစားသမားဘဝ အတက်အကျကတော့ သံစဉ် နုတ်တစ်ခုပမာ အနိမ့်အမြ င့် အတက်အကျေ တွနဲ့ ရုန်းကန်လာခဲ့ရသူတစ်ယောက်ပါ မိခင်ဖြစ်သူက သာမန်အရောင်းစာရေး ဝန်းထမ်းတစ်ယောက်ဖြစ်ပြီး ဖခင်ကတော့ သဘောၤကျင်း လုပ်သားဖြစ်ပါတယ် ပြီးတော့ ဝါသနာအရ အပျော်တမ်း ဘောလုံးကလပ်ဖြစ်တဲ့ ခရူဇီရို မှာလည်း ကစားနေတာဖြစ်ပါတယ်။ အကိုဖြစ်သူ ရော်ဘက်တို ဟာ ဂရင်မီယို အသင်းနဲ့ စာချုပ်ချုပ်ဆို လိုက်တဲ့ အချိန်ကစပြီး သူတို့ မိသားစု ဘဝကလည်း ပြောင်းလည်း လာခဲ့ပါတယ် ဘာကြောင့်လဲဆိုတော့ ဂရင်မီယို အသင်းဟာ အကိုဖြစ်သူ ရော်ဘက်တိုကို အသင်းမှာ ဆက်လက်ရှိစေချင်တဲ့ အတွက် သူ့မိသားစု အတွက် လူချမ်းသာတွေနေထိုင်တဲ့ ဂွာရူဂျာ ရပ်ကွက်က အိမ်တစ်လုံးကို လက်ဆောင် ပေးခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အကို ဖြစ်သူဟာ ဒဏ်ရာ ပြသာနာများကြောင့် ကစားသမားဘဝ သက်တမ်းတိုခဲ့ရပါတယ်။ သူ့ရဲ့ငယ်ဘဝ နာမည်ကတော့ Ronaldo de Assis Moreira ရိုနယ်ဒိုပဲ ဖြစ်ပါတယ် ဒါပေမဲ့လည်း ရော်နယ်ဒင်ဟို လို့ပဲ မည့်ခဲ့ပါတယ် ဘာကြောင့်လည်းဆိုေတော့ ဒင်ဟို ဆိုတာ သေးငယ်သော လို့ အမည်ရပါတယ် သူဘောလုံးစ ကစားစဉ်က အသက်အငယ်ဆုံး လူကောင် အသေးဆုံး မို့လို့ ဖြစ်ပါတယ် 2014 ၁ လပိုင်း သူ့အသက် ၃၄ နှစ်အရွယ် မှာတော့ အသင်းနဲက ၆ လ စာချုပ်ထပ်မံ ချုပ်ဆိုသွားခဲ့ပြီး 2014 Recopa Sudamericana, ဖလားကို ရယူပေးကာ ၂၀၁၄ ၇ လပိုင်းမှာတော့ အသင်းနဲ့ လမ်းခွဲသွားခဲ့ပါတယ် ၂၀၁၄ စက်တင်ဘာမှာ မက်ကစီကို ကလပ် Querétaro နဲ့ ၂ နှစ်စာချုပ်နဲ့ ပြောင်းရွေ့ကစားခဲ့ပေမဲ့ ၂၀၁၅ မေလမှာတော့ အသင်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပါတယ် ဒါပေမဲ့ ဒင်ဟို အသင်းအတွက် ၂၅ ပွဲ ကစားပေးရာမှာ ၈ ဂိုးသွင်းယူပြီး ၇ ကြိမ် ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ် ၂၀၁၅ ဂျူလိုင်မှာ ဘရာဇီးမြေကို ပြန်လာခဲ့ပြီး Fluminense အသင်းနဲ့ ၁၈ စာချုပ် ထပ်မံချုပ်ဆိုခဲ့ပါတယ် ဒါပေမဲ့လည်း နှစ်လ အကြာမှာတော့ ဒင်ဟို ခန်ဓါကိုယ်ရဲ့ ဇရာထောင်းမှုကို ခံခဲ့ရပြီး ခြေစွမ်းမပြသနိုင်တဲ့အတွက်ကြောင့် အသင်းနဲ့ တိုင်ပင်ပြီးတော့ သဘောတူညီမှုကို ဖျတ်သိမ်းရန် နှစ်ဦးဖက်မှ သဘောတူညီခဲ့ပါတယ် ဘောလုံးဆိုတဲ့ ဝါသနာကို မစွန့်နိုင်ခဲ့တဲ့ ဒင်ဟိုဟာ မြက်ခင်းစိမ်းတွေကို အံမတုနိုင်တော့ပေမဲ့ ပါကေးခင်းထားတဲ့ ဖူဆယ်ကွင်းကို ထပ်မံခြေလှမ်းခဲ့ပါသေးတယ် အချိန်ကာလကတော့ ဇူလိုင် ၂၀၁၆ ကနေ အောက်တိုဘာ ၂၀၁၇ အထိ ဖြစ်ပြီးတော့ အိန်ဒိယ ဖူဆယ် လိဂ်မှာပဲဖြစ်ပါတယ် ဒင်ဟိုရဲ့ သွင်းဂိုးတွေ နဲ့ ဂိုးဖန်တီးမှုတွေကတော့ ဘာစီလိုနာ အသင်းမှာ ၂၀၇ ပွဲကစားပြီး ၉၄ ဂိုးသွင်း ၇၁ ကြိမ်ဖန်တီး အေစီမှာတော့ ၉၅ ပွဲမှာ ၂၆ ဂိုးသွင်း ၂၈ ဂိုးဖန်တီး လူငယ်ဘဝ ပီအက်ဂျီမှာတော့ ၇၆ ပွဲမှာ ၂၅ ဂိုး ၁၇ ဂိုးဖန်းတီး ကလပ် အသင်းအတွက် ပွဲပေါင်း ၅၂၉ ပွဲကစား ၁၉၆ ဂိုးသွင်း ၁၆၁ ဖန်တီး ရရှိခဲ့တဲ့ ဖလားတွေကတော့ စပိန်လာလီဂါ နှစ်ကြိမ် စပိန်စူပါဖလား ၂ ကြိမ် ချန်ပီယံလိပ် တစ်ကြိမ် အီတလီ စီးရီအေ ဖလား တစ်ကြိမ် ကိုပါလီဘာတဒို ဖလား တကြိမ် ရီကိုပါ ဆုဒမီရီကာနာ တစ်ကြိမ် ကလပ်ဖလား (၈)ခု နိုင်ငံလက်ရွေးစင် အသင်းအတွက် ၈၁ ပွဲ ကစား ၂၉ ဂိုးသွင်း ၂၀ ဖန်တီးပေးနိုင်ခဲ့ပါတယ် နိုင်ငံအတွက် ကမဘ့ဖလား တစ်ကြိမ် ကိုပါအမေရိကဖလား တစ်ကြိမ် ကွန့်ဖက်ဒရေးရှင်း ဖလား တစ်ကြိမ် ဖြစ်ပြီး နိုင်ငံအတွက် ဖလားသုံးလုံး ရယူပေးနိုင်ခဲ့သလို ကမဘာ့အကောင်းဆုံးကစားသမားဆုကိုလည်း ၂၀၀၅ ခုနှစ် ဘာစီလိုအသင်းမှာကစားစဉ် ဘလွန်းဒီအော် ဆုကိုလည်း ရယူနိုင်ခဲ့တယ် ဆိုတဲ့ အကြောင်း တင်ဆက်ရင်း လိုအပ်ချက်များရှိလျှင် အောက်က ကွန့်မက်ဘောက်မှာ အကြံပေးကြပါလို့တောင်းဆိုပါတယ် နောက်ပြီးတော့ နောက်လာမယ့် ဗီဒီယိုတွေမှာလည်း ဘယ်လိုသောကစားသမားအကြောင်း ဆက်လက်ဖော်ပြသွားမှာဖြစ်တဲ့အတွက် ကျတော်တို့ ချန်နယ်ကို လိုက်နဲ့ ဆခရိုက် အားပေးသွားကြပါအုံးမလို့ အားလုံးကို ကျေးဇူးတင်ပါတယ် #Ronaldinho #Football #Skilll

Comments