У нас вы можете посмотреть бесплатно 24 Hours in Amarapura | ကဗျာတစ်ပုဒ်လိုလှတဲ့ အမရပူရ или скачать в максимальном доступном качестве, которое было загружено на ютуб. Для скачивания выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса savevideohd.ru
ဒီတစ်ခါတော့ မြန်မာတိုင်းနဲ့ မစိမ်းတဲ့ မြို့နာမည်လေး အမရပူရ ကို ခရီးသွားဖြစ်ပါတယ်။ အရင်က အမရပူရ နဲ့ မန္တလေး ဆိုတာ အတူတူပဲ လို့ ထင်ခဲ့ဖူးတယ်။ တကယ်တော့ မတူညီတဲ့မြို့လေး နှစ်မြို့ ဖြစ်နေခဲ့မှန်း တဖြည်းဖြည်း သိလာရတာပါ။ အရင်က နန်းစိုက်ရာ အမရပူရမြို့ ကနေ မန္တလေးမြို့ ကို ပြောင်းရွှေ့တဲ့အခါ မြို့သူမြို့သားတွေက အမရပူရ ကို တောင်မြို့၊ မန္တလေး ကို မြောက်မြို့လို့ ခေါ်တွင်ကြပါတယ်။ အမရပူရ ကို တကယ်လည်ပတ်မယ်ဆို တစ်ရက်အတွင်းတော့ နေရာတော်တော်များများ ရောက်နိုင်ပေမဲ့ ပင်ပန်းပါတယ်။ လည်ပတ်စရာနေရာတွေက ကျွန်တော်ထင်ထားတာထက် များပြားနေလို့ အမရပူရ ကို ကျွန်တော် အရမ်းသဘောကျသွားတယ်။ ဒီ အမရပူရ ခရီးစဉ်မှာ ကာဗွန်စွန့်ထုတ်မှုအနည်းဆုံး၊ ပတ်ဝန်းကျင်ညစ်နွမ်းမှုအနည်းဆုံး ခရီးလေးဖြစ်ရအောင် Honda က အသစ်ထုတ်လုပ်လိုက်တဲ့ U-Go EV မော်တော်ဆိုင်ကယ်နဲ့ သွားဖြစ်ပါတယ်။ ဘက်ထရီကလည်း တစ်နေ့လုံးလည်ပတ်သမျှ လုံလောက်ပြီး စီးရတာလည်း သက်တောင့်သက်သာ ဖြစ်တဲ့အပြင် ဆီဝယ်စရာမလိုဘဲ အားပြန်သွင်းရုံပဲမို့ အတော်အဆင်ပြေသွားပါတယ်။ ဒီ EV ဆိုင်ကယ်ကို NCX Myanmar ကနေ တင်သွင်းရောင်းချပေးနေပါတယ်။ ကျွန်တော်နဲ့အတူ အမရပူရ ခရီးလေး လိုက်လည်လှည့်ပါဦး။ . အားလုံးပဲ အစဉ်ဘေးကင်းကျန်းမာ စိတ်ချမ်းမြေ့ကြပါစေဗျာ သီဟလုလင် (Thiha, the Traveller)