Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб စစ်အုပ်ချုပ်ရေးအောက်မှာပင် NLD ဒုဥက္ကဋ္ဌ နာရေးကို မန္တလေးမြို့လူထု ထောင်သောင်းချီပို့ဆောင် в хорошем качестве

စစ်အုပ်ချုပ်ရေးအောက်မှာပင် NLD ဒုဥက္ကဋ္ဌ နာရေးကို မန္တလေးမြို့လူထု ထောင်သောင်းချီပို့ဆောင် 5 часов назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



စစ်အုပ်ချုပ်ရေးအောက်မှာပင် NLD ဒုဥက္ကဋ္ဌ နာရေးကို မန္တလေးမြို့လူထု ထောင်သောင်းချီပို့ဆောင်

စစ်အုပ်ချုပ်ရေးအောက်မှာပင် NLD ဒုဥက္ကဋ္ဌ နာရေးကို မန္တလေးမြို့လူထု ထောင်သောင်းချီပို့ဆောင် ………….. မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရဲ့ ဒုတိယဥက္ကဋ္ဌတစ်ဦးလည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ရဲ့ နောက်ဆုံးခရီးကို မန္တလေးမြို့ခံလူထု ထောင်သောင်းချီပြီး လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။ စစ်အုပ်ချုပ်ရေးလက်ထက်မှာတောင် ဒီမိုကရေစီခေါင်းဆောင်တစ်ယောက်ရဲ့ နာရေးအခမ်းအနားကို မြို့သူ၊ မြို့သားတွေက ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လမ်းမအပြည့် လိုက်ပါပို့ဆောင်ခဲ့ကြသလို၊ လမ်းဘေးဝဲယာတစ်လျှောက်မှာလည်း နှုတ်ဆက်၊ ကန်တော့ကြသူတွေကို အများအပြား တွေ့ရပါတယ်။ နာရေးပို့ဆောင်မယ့် ဒီကနေ့ အောက်တိုဘာ ၈ ရက်နေ့ မနက်ပိုင်းမှာ မန္တလေးမြို့တွင်း၊ မြို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးတင်းကျပ်ထားကြားကနေ အန်တုပြီး မန္တလေးမြို့လူထုက လိုက်ပို့ကြတာလည်း ဖြစ်ပါတယ်။ မန္တလေးနဲ့ အနီးဆုံးနေရာအထိ စစ်ကောင်စီကို ထိုးစစ်ဆင်နေတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကတော့ ဒေါက်တာဇော်မြင့်မောင် လို ပညာတတ်တွေ ဆုံးရှုံးရတဲ့အပေါ် ဝမ်းနည်းကြောင်း ဒီကနေ့ အောက်တိုဘာလ ၈ရက်နေ့ ရက်စွဲနဲ့ သဝဏ်လွှာ ထုတ်ပြန်ထားပါတယ်။ စစ်အာဏာရှင် အဆက်ဆက်ရဲ့ ဖမ်းဆီးအကျဉ်းချမှု၊ ပုံစံမျိုးစံ ညှဉ်းပမ်းနှိပ်စက်မှုတွေကို ဦးမညွှတ်ဘဲ ဒီမိုကရေစီတိုက်ပွဲအလံကို အသက်သေဆုံးတဲ့အထိ စွဲကိုင်လွှင့်ထူပြီး ဦးဆောင်တိုက်ပွဲဝင်ခဲ့တဲ့ ဒေါက်တာဇော်မြင့်မောင်ကို ‘ဒီမိုကရေစီသူရဲကောင်း’ အဖြစ် အစဉ်အမြဲ အမှတ်ရနေမယ်လို့ TNLA ရဲ့ သဝဏ်လွှာထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။ သတင်း၊ တင်ဆက် - စထွန်းအောင်

Comments