У нас вы можете посмотреть бесплатно Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် или скачать в максимальном доступном качестве, которое было загружено на ютуб. Для скачивания выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса savevideohd.ru
Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၂၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -ပဲခူးတိုင်း ၊ တောင်ငူခရိုင်အတွင်းက KNU နဲ့ PDF စိုးမိုးတဲ့ နယ်မြေတွေက ရေဘေးသင့် ကျေးရွာတွေကို ကူညီရေး ပစ္စည်းတွေ သွားလှူရင် အကြမ်းဖက်ဥပဒေနဲ့ ဖမ်းဆီးအရေးယူမယ်ဆိုပြီးတော့ပါ အကြမ်းဖက် စစ်ကောင်စီက ပေါ်ပေါ်တင်တင် ခြိမ်းခြောက်လာတယ်လို့ ရေဘေးအတွက် သွားရောက်လှူဒါန်းနေတဲ့ တောင်ငူအခြေစိုက် ပရဟိတ အဖွဲ့တစ်ခုက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ စစ်တိုင်းတိုင်း ၊ မုံရွာမြို့နယ်မှာ စစ်တပ်လက်အောက်ခံ စစ်သင်တန်းဆင်း အေးကျော်လို့ခေါ်တဲ့ ၀ူခန်း ဆိုသူကို တော်လှန်ရေးတပ်တွေက အရှင် ဖမ်းဆီးရရှိထားပြီး ၊ စစ်ဆေးချက်တွေအရ မိန်းကလေး ၁ ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု အပါအဝင် ရာဇဝတ်မှုတွေ ကျူးလွန်ထားသူဖြစ်နေတယ်လို့ မုံရွာ-ပလဖ အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ -စစ်ကိုင်းတိုင်း ၊ ရေဦးမြို့ပေါ်နဲ့ အနီးအနား ကျေးရွာတွေက လူငယ်တွေအပါအဝင် အရပ်သားပြည်သူ တွေကို အကြမ်းဖက် စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေပြီး ၊ ပြည်သူ အယောက် ၅၀ နီးပါးလည်း ဖမ်းဆီးခံလိုက်ရသလို ၊ စစ်သင်တန်းတက်ဖို့ တစ်ခါတည်း ခေါ်သွားကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။