Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб ငါးသံပရာပေါင်း Steamed Fish With Lime and Garlic в хорошем качестве

ငါးသံပရာပေါင်း Steamed Fish With Lime and Garlic 1 год назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



ငါးသံပရာပေါင်း Steamed Fish With Lime and Garlic

ဘယ်တော့စားစား မရိုးတဲ့ ငါးသံပရာပေါင်း လေးပါ။ က္ကတစ်ငါး တကောင်ကို သုံးပါမယ်။ ရေသေချာဆေးပြီးရေစစ်ထားပေးပါ။ ငါးညှီနံ့သက်သာစေဖို့အတွက် အရေခွံမှာရှိတဲ့ အမည်းရောင်တွေကို ကျွန်တော်ကတော့ ဓားထက်ထက်နဲ့ ခြစ်ပေးပါတယ်။ခွဲထားတဲ့ ဗိုက် ထဲကို တရုတ်နံနံပင်ကို ချေပြီးထည့်ပေးပါတယ်။ ပြီးမှ ရေနွေး‌ငွေ့နဲ့ မိနစ် ၂၀ လောက်ပေါင်းပေးပါ. ကျွန်တော်က ဆော့စ်တွေကို ငါးပေါင်းပြီးမှ စမ်းတာက ပိုပြီး စားကောင်းတယ်လို့ထင်ပါတယ်။ ကြက်သွန်ဖြူ လက်တဆုပ်၊ ငရုတ်သီးစိမ်း လက်တဆုတ်။ ထိုင်းထန်းလျက်ကို စားပွဲတင်ဇွန်း ၂ ဇွန်း။ သံပရာသီး ၄ လုံးလောက်သုံးပါမယ်။ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်နီကို ကြိတ်ထား သို့မဟုတ် ထောင်းထားပါ။ တရုတ်နံနံပင်ကို နုတ်နုတ်စဉ်းထားပါ။ ဆော့စ်စဖျော်ဖို့အတွက် ထိုင်းထန်းချက်နဲ့သံပရာရည်ကို အရည်ဖျော်ပေးပါ။ ငါးငံပြာရည်ကို စားပွဲတင်ဇွန်း ၃ ဇွန်းထည့်မယ်။ နုတ်နုတ်စဉ်းထားတဲ့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းထည့်မယ်. မွှေမယ်။ ဒါဆိုရင် ငါးသံပရာပေါင်းဆော့စ်ရပြီဖြစ်ပါတယ်။ ပေါင်းထားတဲ့ ငါးပေါ်မှာ ငါးပေါင်းထားတုန်းက အချိုရည်ကို ပြည်ထည့်ပေးပါ။ ဆော့စ်ကို စမ်းပေးပါ။ နုတ်နုတ်စဉ်းထားတဲ့ တရုတ်နံနံပင်ကို ဘေးမှာ အလှဆင်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ငါးသံပရာပေါင်းရပြီဖြစ်ပါတယ်။ သူငယ်ချင်းအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ။ Cookfork1 ၏ အခြားသော လူမှုကွန်ယက်တွေဖြစ်တဲ့ ဖေ့စ်ဘုတ်။ အင်စတာဂရမ်။တစ်တော့ မှာလည်း မတူညီသော တင်ဆက်မှုများဖြင့် တင်ပေးထားပါတယ်ခင်ဗျာ။

Comments