Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб စိန်ချယ်ခြူးသန်း ပတ်ပျိုး ယမုန်နာခင်ခင်လေး в хорошем качестве

စိန်ချယ်ခြူးသန်း ပတ်ပျိုး ယမုန်နာခင်ခင်လေး 2 года назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



စိန်ချယ်ခြူးသန်း ပတ်ပျိုး ယမုန်နာခင်ခင်လေး

ရေး - အနောက်နန်းမတော်မမြလေး (မြဝတီမင်းကြီးဦးစ ဟုလည်း ဆိုကြသည်) နဂါးမင်းသမီးလေးမှ နေနတ်သားအားအမျှော်ဆိုက်သည့် သီချင်းဟု သိရသည် စာသားများမှာ ကဗျာတပုဒ်ပမာ ရွတ်ဆိုရ အလွန်အရသာရှိလှပြီး တေးသွားလည်း ထူးခြားစုံလင်လှသည်။ admin ၏ အတွေး၌မူ ရေပြင်လွှာနှင့်နေမင်းကြီးတို့၏ အချင်းချင်း သဟဇာတဖြစ်မှု ‌ရေပြင်ဝယ် တောက်ပလင်းလက်နေသော နေရောင်၏ အလှကို မြင်တွေ့ရသည်။ ဂီတနက်သန်ကိုစောညိန်း၏ မြနဒီသီချင်း၌မူ မြစ်ရေပြင်ထက် ကျဆင်းလျက် လင်းလက်ကွန့်မြူးနေသော လရောင်၏ အလှကို ,"မိုးယံမြင့်မှာတဲ့ စန်းယုန်ပွင့်သာလျက်ကယ်၊ လင်းရောင်ဝေ လှိုင်းရေထက်ဝယ်၊ ပြိုးပြိုးပြက်ပြက် ယှက်ကွေးလိမ်ခွေနွယ်" ဟု စပ်ဆိုထားသည်ကို တွေ့ရသည်။ ဤသီချင်းတွင် စောင်းဆရာကြီး ဦးခင်မြင့်၏ ခံ့ညားလှပသော စောင်းလက်သံကို နားဆင်ကြရမည်ဖြစ်သည်။

Comments