У нас вы можете посмотреть бесплатно တပ်မတော်အရာရှိဘဝကနေ အိမ်ထောင်ရှင် အလှမယ် ဖြစ်လာသူ - BBC News မြန်မာ или скачать в максимальном доступном качестве, которое было загружено на ютуб. Для скачивания выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса savevideohd.ru
အငြိမ်းစား ဗိုလ်ကြီး မမ အလှမယ် တပ်မတော်အရာရှိဘဝကနေ အိမ်ထောင်ရှင် အလှမယ် ဖြစ်လာသူ၊ လွှတ်တော်အမတ်လောင်း အဖြစ် နိုင်ငံရေးထဲ ဝင်ဖို့လည်း ကြိုးစားခဲ့သူ၊ သူဘယ်သူလဲ။ နိုင်ငံပေါင်း ၉၀ ကျော်က အိမ်ထောင်ရှင်အလှမယ်တွေ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ Mrs Universe 2020 - နိုင်ငံတကာပါဝင်တဲ့ ၂၀၂၀ ခုနှစ်အတွက် အိမ်ထောင်ရှင် မယ်စကြာဝဠာ ပြိုင်ပွဲမှာ အသက် ၄၁ နှစ်အရွယ် မအေမီဇင်ဝင်းက မြန်မာနိုင်ငံကို ကိုယ်စားပြု ယှဉ်ပြိုင်နေပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးကာလဖြစ်တဲ့အတွက် အရင်နှစ်တွေလို စင်မြင့်ပေါ် အလှပြ၊ စွမ်းရည်ပြပွဲတွေ မလုပ်ရဘဲ အွန်လိုင်းကနေ မဲပေးတဲ့ စနစ်နဲ့ ရွေးချယ်မှာ ဖြစ်ပါတယ်။ စစ်သူနာပြု ဗိုလ်ကြီးအဆင့်အထိ တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မအေမီဇင်ဝင်းဟာ အခု ၂၀၂၀ ခုနှစ်မှာ အငြိမ်းစားယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းကလည်း PPP ပြည်သူ့ရှေ့ဆောင်ပါကနေ ပါဝင်ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ သူ့ခင်ပွန်းက လက်ရှိ တပ်မတော် အရာရှိ ဖြစ်နေလို့ မိသားစုတွေ နိုင်ငံရေးနဲ့ ကင်းရှင်းရမယ် ဆိုတဲ့ စည်းကမ်းချက်ကြောင့် မဝင်ဖြစ်ခဲ့ပါဘူး။ အခု အလှမယ်ပြိုင်ပွဲ ယှဉ်ပြိုင်မှု အခြေအနေ၊ အလှမယ်နဲ့ နိုင်ငံရေး စတာတွေနဲ့ပတ်သက်လို့ မအေမီဇင်ဝင်းကို ဘီဘီစီက အွန်လိုင်း ဗီဒီယိုကတဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။ မေးမြန်း - ရီရီအောင်၊ တည်းဖြတ် - ဝင်းကျော်သူ ဘီဘီစီမြန်မာပိုင်း