Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб ချီပါရွာအနီး တိုက်ပွဲပြင်းထန်ပြီး နှစ်ဖက်ထိခိုက်ရှိ в хорошем качестве

ချီပါရွာအနီး တိုက်ပွဲပြင်းထန်ပြီး နှစ်ဖက်ထိခိုက်ရှိ 2 дня назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



ချီပါရွာအနီး တိုက်ပွဲပြင်းထန်ပြီး နှစ်ဖက်ထိခိုက်ရှိ

ချီပါရွာအနီး တိုက်ပွဲပြင်းထန်ပြီး နှစ်ဖက်ထိခိုက်ရှိ ရွှေဘို၊ နိုဝင်ဘာ ၂၊ ၂၀၂၄ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါရွာအနီး တိုက်ပွဲပြင်းထန်ပြီး နှစ်ဖက်ထိခိုက်ရှိတယ်လို့ ရွှေဘိုမြို့နယ်ပကဖထံက သိရပါတယ်။ နိုဝင်ဘာ ၁ ရက် မနက် ၆ နာရီကျော်လောက်မှာ အင်အား ၁၅၀ ကျော်နဲ့ အိုးဘိုရွာဘက်ကနေ ချီပါရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ပျူအဖွဲ့ကို ကျေးရွာတောင်ဘက် တံတားအနီးနဲ့ ရွာထိပ်နားအရောက်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲ ၂ နေရာဖြစ်ခဲ့ပြီး ၁ နေရာမှာ နာရီဝက်ကျော် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဘက်က ရဲဘော် ၁ ဦး ပါးကိုကျည်ဖြတ်မှန်ဒဏ်ရာ ရရှိထားသလို စစ်ကောင်စီနဲ့ပျူဘက်က ၃ ဦးသေပြီး ၈ ဦးဒဏ်ရာရခဲ့တာကို တော်လှန်ရေးအဖွဲ့တွေရဲ့ သတင်းပေးအမာခံတွေထံက ပြန်လည်သတင်းပေးပို့ချက်အရ သိရတယ်လို့ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တွေဟာ ချီပါကျေးရွာထဲမှာပင်တပ်စွဲနေထိုင်နေလို့ ည ၈ နာရီကျော်ခန့်မှာ ဒရုန်းဗုံးသီး ၁၂ လုံး ချတိုက်ခိုက်ခဲ့သေးပြီး ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူးလို့ ဆိုပါတယ်။ ချီပါရွာကို ဒရုန်းနဲ့ဗုံးချနေစဥ်မှာပင် အိုးဘိုကျေးရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီနဲ့ပျူအဖွဲ့တွေရှိတဲ့နေရာကိုလည်း ဒရုန်းနဲ့ ၂ ကြိမ်၊ ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခဲ့သေးပြီး အထိအခိုက်မသိရသေးဘူးလို့ ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုတွေကိုတော့ ရွှေဘိုမြို့နယ် မြို့နယ်ပကဖ PDO ရဲ့ စီမံကွပ်ကဲမှုနဲ့ ရွှေဘိုမြို့နယ် မြို့နယ် PDO ဒရုန်းအဖွဲ့၊ တိုက်နယ် ၅ ဂဠန်ကြီး Fixed Wings Drone အဖွဲ့၊ ဘီလူးညီနောင် Fixed Wings Drone အဖွဲ့၊ အားမာန် Fixed Wings Drone အဖွဲ့၊ IC Fixed Wings Drone အဖွဲ့၊NTG ခင်ဦးဒရုန်းအဖွဲ့နှင့် Black Eagle လက်နက်ကြီးအဖွဲဲ့အပြင် ပူးပေါင်းအဖွဲ့ တွေက တိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။ တိုက်ပွဲကြောင့် ချီပါမြောက်ရွာ၊ အိုးဘို၊ မင်းကုန်း၊ ပြင်ညကျေးရွာတွေက ဒေသခံ ၁၀၀၀ ကျော်ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။ အဆိုပါ စစ်ကောင်စီနဲ့ပျူစစ်ကြောင်းဟာ အောက်တိုဘာ ၂၉ ရက် ညနေပိုင်းတုန်းကလည်း အိုးဘိုရွာထိပ်မှာ တော်လှန်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ၁ ကြိမ် ဖြစ်ခဲ့သေးပြီး ၁ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။ သတင်း - ကျော်ကြီး၊ တည်းဖြတ် - ငြိမ်းဇော် #မြေလတ်အသံ #ရွှေဘို #ချီပါရွာ #စစ်ကောင်စီ #PDF #တိုက်ပွဲ

Comments