Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб ဒုက္ခသည် ပြန်လည်နေရာချထားရေး ခရီးစဉ် в хорошем качестве

ဒုက္ခသည် ပြန်လည်နေရာချထားရေး ခရီးစဉ် 3 недели назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



ဒုက္ခသည် ပြန်လည်နေရာချထားရေး ခရီးစဉ်

ဘာသာပြန်အတွက် ဖော်ပြချက်- ဤဗီဒီယိုကို COVID-19 ကပ်ရောဂါမတိုင်မီက ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ အချို့ပုံများတွင် လက်တလောကျင့်သုံးနေသော လူစုလူဝေးရှောင်ကျဥ်ခြင်းနည်းလမ်းများ မပါဝင်နိုင်ပါ။ ကနေဒါတွင် ဒုက္ခသည်တစ်ဦးအဖြစ် ပြန်လည်အခြေချနေထိုင်ခြင်းသည် မျှော်မှန်းချက်၊ မျှော်လင့်ချက်နှင့် စိန်ခေါ်မှုများ ပြည့်နေနိုင်သည်။ ပြန်လည်အခြေချနေထိုင်သူ ဒုက္ခသည်တစ်ဦးအနေနဲ့ ကနေဒါမှာ အခြေချနေထိုင်ဖို့ ဘာတွေမျှော်လင့်ထားရမလဲ၊ ဘယ်လိုဝန်ဆောင်မှု၊ ဘယ်လိုပံ့ပိုးမှုတွေရရှိနိုင်မလဲဆိုတာ သိဖို့က အထောက်အကူဖြစ်စေပါတယ်။ သင်သည် ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းမှစီစဥ်သော ကနေဒါနိုင်ငံနှင့် ရင်းနှီးကျွမ်းဝင်စေခြင်း (Canadian Orientation Abroad) သင်တန်းကို ကနေဒါသို့ မရောက်မီ၊ တက်ရောက်နိုင်ပါသည်။ ဤသင်တန်းသည် သင့်အား ကနေဒါနိုင်ငံအကြောင်းနှင့် ခရီးအတွက် ဘယ်လိုကြိုတင်ပြင်ဆင်ရမည်ကို ပိုမိုသိရှိစေပါလိမ့်မည်။ ပြန်လည်အခြေချနေထိုင်သူ ဒုက္ခသည်အဖြစ် ကနေဒါနိုင်ငံသို့ ပထမဆုံးရောက်ရှိသည့်အခါ ကနေဒါအစိုးရ သို့မဟုတ် သင်၏စပွန်ဆာများမှ ငွေကြေးထောက်ပံ့ထားသော အဖွဲ့အစည်းသည် သင့်အတွက် အရင်ဆုံးလိုအပ်သည်များကို ကူညီဖြည့်ဆည်းပေးပါမည်။ ၎င်းတို့သည် သင့်အား လေဆိပ်မှာ လာကြိုပါမည်၊ ယာယီနေထိုင်စရာတစ်ခုပေးပြီး အမြဲတမ်း နေစရာအိမ်တစ်လုံး ကူရှာပေးပါလိမ့်မည်။ ၎င်းတို့သည် သင့်အား ဘဏ်အကောင့်ဖွင့်ရန်၊ သင့်ကလေးများကို ကျောင်းတွင် စာရင်းသွင်းထားရန်နှင့် အသိုင်းအဝိုင်းအသစ်တွင် မည်သို့အဆင်ပြေစွာနေထိုင်ရန် သင်ကြားပေးပါလိမ့်မည်။ ကနေဒါတွင် ပြန်လည်အခြေချနေထိုင်သူ ဒုက္ခသည်တစ်ဦးအနေဖြင့် အသိုင်းအဝိုင်းအသစ်တွင် သင့်အား လိုက်လျောညီထွေဖြစ်စေရန်နှင့် အောင်မြင်ရန် ကူညီပေးသည့် အခမဲ့ အခြေချနေထိုင်ရေးဝန်ဆောင်မှုများကိုလည်း ရရှိနိုင်ပါသည်။ ဤဝန်ဆောင်မှုများကို ကနေဒါအစိုးရ၏ အခြေချနေထိုင်ရေးအစီအစဥ် (Settlement Programme) ၏ ငွေကြေးအထောက်အပံ့ဖြင့် အဖွဲ့အစည်းများမှ သင့်အား ပံ့ပိုးပေးထားပြီး အောက်ပါတို့ကို ကူညီနိုင်ပါသည်။ • သင့်အားကူညီနိုင်သည့် အဖွဲ့များ သို့မဟုတ် အဖွဲ့အစည်းများသို့ လွှဲပြောင်းပေးပို့မှုများနှင့်အတူ သင့်ကိုယ်ပိုင်လိုအပ်ချက်များနှင့် အားသာချက်များအပေါ် အခြေခံ၍ မိမိအတွက်ရေးဆွဲထားသော အခြေချနေထိုင်မှု အစီအစဉ်ကို ဖန်တီးပါ။ • ကနေဒါ၏ ဘဝနေထိုင်မှုအကြောင်းပို မိုလေ့လာပါ။ • အင်္ဂလိပ် သို့မဟုတ် ပြင်သစ်ဘာသာ သင်ယူပါ။ • အလုပ်တစ်ခုရှာပါ၊ သင်၏အသက်မွေးဝမ်းကြောင်း အဆက်အသွယ်ကိုတည်ဆောက်ကာ အလုပ်အကိုင်ဖွံ့ဖြိုးမှုကို မြှင့်တင်ပါ။ • သင့်အသိုင်းအဝိုင်းရှိ အခြားလူသစ်များနှင့် ကနေဒါနိုင်ငံသားများနှင့် ချိတ်ဆက်ပါ။ သင့်အနီးရှိ အခမဲ့အခြေချဝန်ဆောင်မှုများကို ရှာဖွေရန်၊ ကျေးဇူးပြု၍ https://www.cic.gc.ca/english/newcome... သို့ ဝင်ရောက်ကြည့်ရှုပါ။ ဆိုရှယ်မီဒီယာပေါ်တွင် သင့်မေးခွန်းများအတွက် အဖြေများကို ရှာပါ- Facebook- ကနေဒါ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသား / citcanada Twitter @CitImmCanada /citimmcanada

Comments