Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб ၁၀၂၇ ဒုတိယလှိုင်းနဲ့ တရုတ်ရဲ့ခြေလှမ်းအပေါ် ဆန်းစစ်ခြင်း - BBC News မြန်မာ в хорошем качестве

၁၀၂၇ ဒုတိယလှိုင်းနဲ့ တရုတ်ရဲ့ခြေလှမ်းအပေါ် ဆန်းစစ်ခြင်း - BBC News မြန်မာ 2 месяца назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



၁၀၂၇ ဒုတိယလှိုင်းနဲ့ တရုတ်ရဲ့ခြေလှမ်းအပေါ် ဆန်းစစ်ခြင်း - BBC News မြန်မာ

ညီနောင် မဟာမိတ် ၃ ဖွဲ့နဲ့ သူတို့ရဲ့ မိတ်ဖက် PDF တပ်တွေ၊ လက်နက်ကိုင် အင်အားစုတွေဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို အရှိန်အဟုန်နဲ့ ထိုးစစ်ဆင်လာတာ သီတင်း နှစ်ပတ်ကျော်လာပြီ ဖြစ်ပါတယ်။ လားရှိုးကို ပစ်မှတ်ထားနေသလို၊ ရှမ်းမြောက်နဲ့ တဆက်တစပ်တည်း မန္တလေးတိုင်းထဲက ဒေသတွေမှာပါ စစ်ရေးကို ပြိုင်တူ ချိန်ကိုက် ဖော်ဆောင် နေကြတာ ဖြစ်ပါတယ်။ မိုးကုတ် အနောက်ဘက်ပိုင်းကို ထိန်းချုပ်လိုက်နိုင်သလို၊ အခုဆိုရင် နောင်ချိုကို တအာင်း TNLA နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေ အလုံးစုံ ထိန်းချုပ်လိုက်ပြီ ဆိုတဲ့ မြေပြင်သတင်းတွေ ရထားပါတယ်။ တရုတ်ရဲ့ ကြားဝင်မှုနဲ့ အပစ်ရပ်ထားတဲ့ ကြားကပဲ အခုလို အရှိန်အဟုန်နဲ့ မြို့သိမ်းစစ်တွေကို နောက်တချီ ထပ်မံ လုပ်ဆောင်လာတာ ဘာ့ကြောင့်ပါလဲ ... တရုတ်ရဲ့ အခန်းကဏ္ဍ အပေါ်မှာရော ဘယ်လို သုံးသပ်နိုင်လဲ ... မြန်မာ့အရေး သူတို့မှာ ဘယ်လို စဥ်းစားချက်တွေ ရှိနေလဲ ... အာဏာသိမ်း စစ်ကောင်စီ အနေနဲ့ ကြုံတွေ့နေရတဲ့ ဘက်ပေါင်းစုံက စစ်ရေးဖိအားတွေ အပေါ် တုံ့ပြန်နိုင်စွမ်း ရှိလား ... မြန်မာ့ ပြည်တွင်းစစ် ဘယ်ကို ဦးတည် နေသလဲ ဆိုတာတွေကို ဒီတစ်ပတ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားဖို့ ရှိပါတယ်။ ဒီတစ်ပတ်မှာတော့ နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့ HRW နဲ့ အာရှဖောင်ဒေးရှင်းတို့မှာ အဆင့်မြင့်တာဝန်တွေ ယူခဲ့ပြီး၊ မြန်မာ့အရေးကို နှစ်ပေါင်းများစွာ အနီးကပ် စောင့်ကြည့်လေ့လာနေတဲ့ မြန်မာ့အရေး ကျွမ်းကျင်သူ ဒေးဗစ်မက်သီဆန်ရဲ့ သုံးသပ်ချက်တွေကို ကြားကြရဖို့ ရှိသလို၊ ကနေဒါနိုင်ငံ တိုရန်တိုမြို့ ယော့ခ်တက္ကသိုလ် အာရှ သုတေသနဌာနက သုတေသီ ကိုထက်မင်းလွင်နဲ့၊ ပဋိပက္ခ ဖြေရှင်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာမင်းဇော်ဦးတို့လည်း ပါဝင် ဆွေးနွေးထားပါတယ်။ ဘီဘီစီသတင်းထောက် ကိုဝေဖြိုး စီစဥ် တင်ဆက်ထားတာကို ဇူလိုင် ၁၃ ရက်၊ စနေည မြန်မာစံတော်ချိန် ည ၈ နာရီ အချိန်မှာ ဘီဘီစီမြန်မာပိုင်းရဲ့ ဖေ့စ်ဘုတ်စာမျက်နှာနဲ့၊ ည ၈ နာရီခွဲ အချိန် ဘီဘီစီမြန်မာပိုင်းရဲ့ ယူကျုချန်နယ်တို့ကနေ ထုတ်လွှင့်ပေးမှာမို့ စောင့်မျှော် ကြည့်ရှု နိုင်ကြပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း

Comments