Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб အသက်(၂၅)နှစ်မပြည့်ခင် လူငယ်တိုင်း သိထားရမယ့် အချက်များ в хорошем качестве

အသက်(၂၅)နှစ်မပြည့်ခင် လူငယ်တိုင်း သိထားရမယ့် အချက်များ 9 месяцев назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



အသက်(၂၅)နှစ်မပြည့်ခင် လူငယ်တိုင်း သိထားရမယ့် အချက်များ

မြန်မာပြည်မှာ ဆင်းရဲတွင်းက ထွက်ဖို့ ဖော်မြူလာကတော့ ဒါလေးဖြစ်မလားမသိဘူး။ အတွေးအခေါ်မှန်ဖို့ လုပ်။ နေ့စဥ် သင်ခန်းစာယူ။ အပြစ်တင်တတ်တဲ့စိတ်ဖျောက်။ ကိုယ့်ရည်မှန်းချက်ပန်းတိုင် ကိုယ်ရှင်းရှင်းလင်းလင်းသိ။ ပြီးတော့ ကိုယ့်အတွေးအခေါ်နဲ့ ကိုယ့်ကိုယ်ကို မကန့်သတ်ထားနဲ့။ ကိုယ်နဲ့ပေါင်းတဲ့သူတွေကို ဂရုစိုက်။ တစ်ဖက်ပိတ်အမြင်နဲ့ အသက်မရှင်နဲ့။ နေ့စဥ် သင်ယူ။ သင်ယူထားတာကို ချရေးမှတ်သား။ ပြန်လည်အသုံးချ။ ပိုကောင်းတဲ့ အခွင့်အလမ်းအမြဲရှာဖွေ။ ကိုယ့်ကိုယ်ကို အပြစ်မတင်နဲ့။ ဘဝကြီးကို ကျေးဇူးတင်တတ်တဲ့စိတ်နဲ့နေ။ ဘာသာစကားအသစ်သင်။ လူတွေကို လေ့လာ။​ ဘူနေတဲ့သူ၊ သာမာန်လူ၊ အောင်မြင်သူ၊ အရမ်းအောင်မြင်သူ သူတို့ရဲ့ အတွေးအခေါ်ဘာကွာလဲ၊ အမူအကျင့်ဘာကွာလဲလေ့လာ။ အတုယူလို့ရတာတွေကို ကိုယ့်ဘဝမှာ ပြန်လည်အသုံးချ နောက်ပြီး လူငယ်တွေအနေနဲ့ ပိုက်ဆံရှာဖို့ ပိုက်ဆံရှိတဲ့နေရာမှာ နေဖို့လိုတယ်။ ပညာရှာဖို့ ပညာရှိတဲ့နေရာမှာ နေဖို့လိုတယ်။​ အပျော်ရှာဖို့ အပျော်ရှိတဲ့နေရာမှာ နေဖို့လိုတယ်။ ဒါက အရမ်းလွယ်ကူလွန်းတဲ့ လူတိုင်းသိပြီးမေ့နေတတ်တဲ့ အချက်ပါပဲ။ ပြီးတော့ စည်းကမ်းရှိဖို့လည်းလိုတယ် ပါးစပ်စည်းကမ်း၊ လေ့ကျင့်ခန်းစည်းကမ်း၊ စာဖတ်စည်းကမ်း၊ အလုပ်စည်းကမ်း၊ ငွေကြေးစီမံခန့်ခွဲမှုစည်းကမ်း။ ပျော်ချင်ရင် စည်းကမ်းရှိဖို့လိုတယ်။ စည်းကမ်းမရှိရင် ဘဝမှာ ကိုယ်လိုချင်တဲ့ အိမ်မက်ထီးနန်းတွေပျောက်ကုန်မယ်။ ဒီနေ့မှာ အသက် (၂၅)နှစ်မပြည့်ခင် လူငယ်တိုင်း သိထားရမယ့် တန်ဖိုးကြီးအကြောင်းအရာတွေကို ပြောပြပေးသွားမှာပါ ကြည့်ကြရအောင် #အ_လီ_ဘာ_ဘာ_စာ_ကြည့်_တိုက် #အ_လီ_ဘာ_ဘာ

Comments