Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб သူဆင်းရဲကို လက် မထပ်ပါနဲ့ သမီးရေ в хорошем качестве

သူဆင်းရဲကို လက် မထပ်ပါနဲ့ သမီးရေ 5 дней назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



သူဆင်းရဲကို လက် မထပ်ပါနဲ့ သမီးရေ

သူဆင်းရဲကို လက် မထပ်ပါနဲ့ သမီးရေ။ သမီးကို သူဆင်းရဲ မယူနဲ့လို့ အဖေ ဘာကြောင့် ပြောရသလဲ။ အဲဒီနေ့က သမီးက သမီးချစ်သူကို အိမ်ခေါ် လာပြီး "အဖေ ဒါ သမီးချစ်သူ သမီး သူနဲ့ လက်ထပ်မယ်" လို့ ပြောခဲ့တယ်နော်။ နောက်တော့ သမီးကို အဲဒီလူနဲ့ သဘော မတူနိုင်ဘူး လို့ အဖေ ပြောခဲ့တယ်။ ဘာကြောင့်လဲလို့ သမီးမေးတော့ "ဆင်းရဲလို့" လို့ အဖေ ဖြေတယ်။ အဲဒီတုန်းက အဖေ့ကို ကြည့်တဲ့ သမီးရဲ့ အကြည့်ကို အဖေ မမေ့ခဲ့ပါဘူး။ သမီးရဲ့ အကြည့်ထဲမှာ ငါ့အဖေက ငွေမက်လိုက်တာ၊ ကြီးကျယ်လိုက်တာ ဆိုတာ ပါနေတယ်။ အဖေ ဘယ်လို ရှင်းပြရမလဲ။ ကိုယ့်သမီး အထင် လွဲသွားတာလောက် ခံစားရတာ မရှိပါဘူး သမီး။ "သူ ပိုက်ဆံ မရှိလို့ပေါ့ ဟုတ်လား ဖေဖေ" လို့ သမီးပြန်မေးခဲ့တယ်နော်။ မဟုတ်ဘူး သမီး။ သူဆင်းရဲတာက ပိုက်ဆံ ဆင်းရဲတာ မဟုတ်ဘူး။ သူဆင်းရဲတဲ့ အချက် (၄) ချက်ကို အဖေ တွေ့လိုက်တယ်။ (၁) ရည်မှန်းချက် ဆင်းရဲတယ်။ အဲဒီနေ့က အဖေ့ရှေ့မှာ သမီးတို့ ရပ်နေတဲ့ အချိန် သမီးဘေးမှာ ရပ်နေတဲ့ သူက မျက်စိ ကလယ်ကလယ်နဲ့ ကြည့်ရတာ စိတ်ဓာတ် မခိုင်သလို ပါပဲ။ သမီးတို့ရဲ့ အနာဂတ် အကြောင်း အဖေ မေးတော့ သူ့မှာ စကားထစ်ထစ် အအနဲ့ ဦးတည်ရာ မရှိခဲ့ဘူး။ အခုချိန်မှာ သူ့မှာ အိမ်ဝယ် ကားဝယ်ဖို့ ပိုက်ဆံ မရှိတာမို့ အဖေ သူ့ကို မလိုလားမှာ စိုးတယ်လို့ သူပြောတယ်။ တကယ်တမ်း ပြောရရင် သူ့ပိုက်ဆံ မရှိလို့ သူ့ကို အဖေမလိုလားတာ မဟုတ်ဘူး။ သူ့မှာ ငွေကြေးဥစ္စာ ရှာဖို့ "ရည်မှန်းချက် မရှိ" တာကို အဖေ မလိုလားတာပါ။ သူဌေးသားတယောက်နဲ့ တောင်သူလယ်သမား ဆင်းရဲသားတယောက် ဘယ်သူ့ကို ရွေးမှာလဲ လို့ အဖေ့ကို သမီးမေးခဲ့ရင် အဖေ မဖြေတတ်ဘူး။ ဆင်းရဲတော့ ဘာဖြစ်လဲ။ လူတိုင်း ဆင်းရဲဖူးတာပဲ။ ဒါပေမယ့် အသက် ငယ်ရွယ်ချိန်မှာ ဘဝကို ဖြစ်သလို ရေလိုက် ငါးလိုက်ပဲ ဖြတ်သန်းချင်တဲ့ စိတ်ဆန္ဒ မရှိရဘူး။ လူတိုင်းက ဖြူစင်လှပတဲ့ အချစ်တခုကို ပိုင်ဆိုင်ချင်ကြတာ ပါပဲ။ ဒါပေမယ့် ဘဝ တခုကို ထူထောင်တဲ့ အခါ သူနဲ့ အတူ ထမင်းရည်လျက်၊ တဲအိုပျက်မှာ သမီး တသက် မနေနိုင်ပါဘူး။ ဘဝတခုကို သမီးတို့ လက်တွေ့ကျကျ ရင်ဆိုင်ကြရ မှာပါပဲ။ (၂) အတွေးအခေါ် ဆင်းရဲတယ်။ လူ့ဘဝရဲ့ ဒီတသက်မှာ လူဆင်းရဲပေမယ့် အတွေးအခေါ် မဆင်းရဲရဘူး သမီး။ ယောက်ျားလေး ဆိုတဲ့ မျိုးက နဂိုတည်းက နောက်ကျမှ ရင့်ကျက်ကြတယ်။ သမီးက အရွယ် မရောက်ခင် ကတည်းက အရာရာ သိတတ်နေပြီ။ သမီးတို့ နှစ်ယောက် အိမ်ထောင်ဘဝ ထူထောင်ကြမယ့် အဖြစ်ကို အဖေ ယောင်လို့တောင် မတွေးရဲ ခဲ့ဘူး။ သူက ကွန်ပျူတာဂိမ်း ဆော့တာ ကြိုက်တယ်တဲ့။ ဒါက ဘာမှတော့ မဟုတ်ပါဘူး။ အဖေလည်း ဂိမ်းဆော့တာပဲလေ။ ဒါပေမယ့် အလုပ်က ပြန်ရောက်တာနဲ့ ဖိနပ် တဘက်၊ ခြေအိတ်တဘက် ပစ်ထုတ်ပြီး ဘာအရေး အကြောင်းကိစ္စမှ စိတ်မဝင်စားတော့ဘဲ ဂိမ်းထဲ ထိုးဝင်သွားတာမျိုးက မရဘူး။ သူ့အတွက် သမီးက ထမင်းကမ်း ရေကမ်းပေး နေရ ဦးမှာ။ သမီးက စာဖတ်တာကို ကြိုက်တယ်။ ထက်တယ်။ လူကြီး သူမ တွေ့ဆုံပွဲတွေမှာ သူတို့နဲ့ သမီး စကားဝင်ဆန့် ပြောဆိုနိုင်တယ်။ လူတိုင်းက သမီးကို သွက်သွက် လက်လက် ရှိတယ်လို့ ပြောကြတယ်။ ဟိုနေ့က အဖေ့ ရှေ့မှာထိုင်နေတဲ့ အဲဒီကောင်လေးက အမှန်အတိုင်း ပြောရရင် ခေါင်းဗလာ၊ ဦးနှောက်ဗလာ၊ စကား လုံးဗလာပဲ သမီး။ ဘဝဆိုတာ သမီး ရည်းစားတုန်း ကလို ပျော်ရွှင်နေမှာ မဟုတ်ဘူး သမီး။ ပျင်းရိ ငြီးငွေ့ဖွယ်ရာပါ။ ဘဝကို ပျော်ရွှင်စေဖို့၊ သက်ဝင် လှုပ်ရှားဖို့ ဆိုတာ လူတဦး တယောက်တည်းရဲ့ အတွေးအခေါ်နဲ့ မရဘူး သမီး။ သူ့အတွေး ကိုယ့်အတွေးတွေ ဖလှယ်မျှဝေကြမှ ဘဝက စိတ်ဝင်စားစရာ ကောင်းတာ။ အဖေ မှတ်မိပါသေးတယ်။ အမေ့ ဝမ်းထဲကနေ ထွက်လာတုန်းက တခြား ခလေးတွေက ငိုပေမယ့် သမီးက ပြုံးရယ်ပြီး ထွက်လာတယ်။ သမီးက ငယ်ငယ်လေးတည်းက အရယ်သန်တယ်။ ဘယ်ရောက်ရောက် လူတကာ နှစ်သက်တာကို ခံရတယ်။ သမီး တသက်လုံး ပြုံးပျော် ရယ်မောနိုင်ဖို့ အဖေ မျှော်လင့်တယ် သမီး။ #foryou #motivation #credit_to_original_writer #love #knowledge #lifestyle #lady (၃) အသိပညာ ဆင်းရဲတယ်။ သူသုံးတဲ့ ဖုန်းနဲ့ ကွန်ပျူတာက နောက်ဆုံးပေါ်တွေ။ သူ့အခု ဝင်ငွေလောက်နဲ့ ဘာလို့ ကိုယ်မတတ်နိုင်လောက်တဲ့ အရာတွေကို ဝယ်သုံးရ သလဲ။ မူလဇစ်မြစ်က အရေး ပါတယ်တဲ့။ ဟုတ်ပါတယ် မူလဇစ်မြစ်ကောင်းတိုင်း အရာရာ ကောင်းသွားတာတော့ မဟုတ်ဘူး။ အဖေ အသက် ၅ဝ ကျော် အတွေ့အကြုံအရ လူတယောက်ရဲ့ မိသားစုဟာ အဲဒီလူရဲ့ အကျင့်စရိုက်နဲ့ မိသားစု အတွေးအမြင်ကို အနည်းအများ သက်ရောက်စေ နိုင်တယ် ဆိုတာ ပါပဲ။ သူ့ကိုယ်ပေါ်မှာ အဲဒီ အတွေးအမြင်မျိုးကို စမြင်နေရပြီ သမီး။ အသိပညာ ဆင်းရဲတဲ့အပြင် "အတွေ့အမြင်လည်း ဆင်းရဲ" တာမို့ သူဟာ အသက် ၂ဝ ကျော် တာတောင် ဘာမှ မဖြစ်ထွန်းသေးတာ မဆန်းတော့ပါဘူး သမီး။ (၄) အမျှော်အမြင် ဆင်းရဲတယ်။ သူ့အိမ်က ဆင်းရဲတာ အဖေ သိတယ်။ ဒါက ကိစ္စမရှိပါဘူး။ ဒီခေတ် ဒီအခါက လူငယ်တွေကို အခွင့်အရေး တော်တော် များများ ပေးထား ပါတယ်။ ကြိုးစားလိုစိတ် ရှိရင် သမီးတို့မှာလည်း အနာဂတ်ကောင်းတွေ ပိုင်ဆိုင်မယ်ဆိုတာကို အဖေယုံတယ်။ ဒါပေမယ့် သမီးတို့ မင်္ဂလာဆောင်ပြီးရင် သူက သမီးကို အလုပ် ပေးမလုပ်တော့ဘူး။ အိမ်မှာပဲ လင်မွေး သားမွေး၊ ထိန်းကျောင်း ပြုစုခိုင်းမယ် လို့ ပြောတယ်။

Comments