У нас вы можете посмотреть бесплатно KNDF ရဲဘော်ဖြစ်လာတဲ့ Hip Hop အဆိုတော် или скачать в максимальном доступном качестве, которое было загружено на ютуб. Для скачивания выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса savevideohd.ru
KNDF ရဲဘော်ဖြစ်လာတဲ့ Hip Hop အဆိုတော် (ရုပ်/သံ) ဧရာဝတီ ၊ မေ ၇၊ ၂၀၂၄ “လူနားလည်အောင်ဆို”၊ “မိုးရာသီအလွမ်း” စတဲ့ သီချင်းတွေနဲ့ မြန်မာပရိတ်သတ်တွေသိခဲ့ကြတဲ့ Hip Hop အဆိုတော် MC ကယားလေး ကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ယူနီဖောင်းနဲ့ သီချင်းဆိုနေတဲ့ရုပ်သံမှတ်တမ်း တခု လူမြင်ကွင်းမှာ ပေါ်ထွက်လာခဲ့ပါတယ်။ ကရင်နီပြည်မှာ ဧပြီလ ၃၀ ရက်နေ့က ကျင်းပတဲ့ KNDF ရဲ့ ဗျူဟာ (၇) အမှတ်စဉ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားမှာ မိုက်ကိုင်ပြီး ရဲဘော်တွေကို ဖျော်ဖြေနေတဲ့ မှတ်တမ်းဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း အဲဒီ အမှတ်စဉ် သင်တန်းမှာပါဝင်ခဲ့တဲ့ ရဲဘော်တဦးဖြစ်ပါတယ်။ အာဏာအဓမ္မသိမ်းယူပြီး ပြည်သူလူထုအပေါ် ရက်ရက်စက်စက် ဖိနှိပ်နေတဲ့ စစ်အာဏာရှင်ကို ပြန်တိုက်ဖို့ အတွက် မိုက်ကိုင်ခဲ့တဲ့ လက်တစုံဟာ မောင်းပြန်သေနတ်ဆွဲကိုင်ဖို့ ဆုံးဖြတ်ခဲ့တဲ့အခါ မိသားစုကိုပါ စွန့်လွှတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တချိန်က အတူလက်တွဲလုပ်ကိုင်ခဲ့ဖူးတဲ့ အဆိုတော် ယုန်လေးနဲ့လည်း ရပ်တည်ချက်ချင်း မတူညီကြတဲ့ အပေါ် သူ့ရဲ့ သဘောထားအမြင်ကိုလည်း ဧရာဝတီနဲ့ သီးသန့် အင်တာဗျူးမှာ ရှင်းပြထားပါတယ်။ MC ကယားလေး ကို KNDF သင်တန်းဆင်းပွဲမှာ ရုတ်တရက် ပြန်တွေ့လိုက်ရတဲ့နောက် ပရိတ်သတ်တွေ က သူ့သီချင်းတွေ ပြန်ရှာပြီး အားပေးကြတဲ့အတွက် ကြည့်ရှု့သူတွေ ပိုတိုးသွားခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း သေနတ်တဖက်နဲ့ သီချင်းတွေ ရေးစပ်နေတယ်လို့ ဆိုပါတယ်။