Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб မြင်းခြံ - နွားထိုး လမ်းမှာ စစ်အုပ်စုကို နှစ်ကြိမ် မိုင်းဆွဲ၊ ကားတစ်စီး သိမ်းဆည်း ရရှိ၊ в хорошем качестве

မြင်းခြံ - နွားထိုး လမ်းမှာ စစ်အုပ်စုကို နှစ်ကြိမ် မိုင်းဆွဲ၊ ကားတစ်စီး သိမ်းဆည်း ရရှိ၊ 9 месяцев назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



မြင်းခြံ - နွားထိုး လမ်းမှာ စစ်အုပ်စုကို နှစ်ကြိမ် မိုင်းဆွဲ၊ ကားတစ်စီး သိမ်းဆည်း ရရှိ၊

တိုက်ပွဲမှာ အသေအပျောက်များတဲ့ စစ်အုပ်စုက ဒေသခံတချို့ကို ဖမ်းဆီးထား၊ ရဲလေး/MFP ၊ ဇန်နဝါရီ - ၁၉ မန္တလေးတိုင်း မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ဖောင်ချဉ်းရွာအနီး တိုက်ပွဲဖြစ်နေချိန် စစ်ကူလာတဲ့ ကားတွေကို ပေပါမိုင်း အပါအဝင် နှစ်ကြိမ် မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အသေအပျောက် များနိုင်ပြီး မိုင်းထိ ပျက်စီးတဲ့ ကားတစ်စီးကိုလည်း သိမ်းဆည်း ရရှိတယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံက သတင်း ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ(၁၇)ရက် မနက်(၁၁)နာရီခွဲက မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ဖောင်ချဉ်းရွာ မြောက်ဘက်မှာ တိုက်ပွဲဖြစ်နေချိန် ဒဏ်ရာရတဲ့ စစ်အုပ်စုကို သယ်လာတဲ့ ဖိုး၀ှီးကားတစ်စီးကို ပဒေသာမိုင်း သုံးလုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး နောက်ထပ် နာရီဝက်ခန့်အကြာ မြင်းခြံကနေ နွားထိုးကြီးဘက် စစ်ကူလာတဲ့ ဖိုး၀ှီးကား နှစ်စီးကို ပေပါမိုင်းနှစ်လုံး၊ ရှေ့ထွက်မိုင်းနှစ်လုံးနဲ့ ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီ ပေပါမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်မှုအတွင်း ကားတစ်စီးဟာ လွင့်စင်ပြီး ချူံပေါ်ရောက်သည် အထိ ထိခိုက် ပျက်စီးသွားခဲ့ရာ စစ်အုပ်စုတွေ အဲ့ဒီကားကို ချန်ထားခဲ့ပြီး ဒဏ်ရာရသူနဲ့ သေသူတွေကို တခြားကားတစ်စီးနဲ့ ထွက်ပြေးသွားတယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံက ဖော်ပြပါတယ်။ ““တပ်ကူကားကို ပေပါမိုင်းနဲ့ နှစ်လုံးနဲ့ခွဲတယ်။ ပြီးတော့ ရှေ့ထွက်မိုင်းနဲ့ ထပ်ဆွဲတယ်။ ပေပါမိုင်းဆိုတော့ ကားက မြောက်တက်ပြီး ခြုံပေါ်တင်နေတာ။ (၁၈)ရက်နေ့ နယ်မြေရှင်းလင်းတော့ ကားကို တွေ့တယ်။ ကားပေါ်ကနေ Mavic Pro Drone တစ်စင်း၊ ကျည် လေးတောင့် သိမ်းဆည်း ရရှိပါတယ်။ ကားကိုလည်း သုံးမရတော့ မီးရှို့ ဖျတ်ဆီးခဲ့တယ်” လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံ တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။ အဲ့ဒီ ပေပါမိုင်းဆွဲတဲ့ ကားပေါ်မှာ စစ်အုပ်စုနဲ့ပျူ (၁၀)ယောက် ထက်မနည်း ပါဝင်ပြီး အသေအပျောက် ရှိနိုင်ပေမယ့် အသေးစိတ် အခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။ လက်ရှိမှာ စစ်အုပ်စုတွေ နွားထိုးကြီးမြို့နယ် ဖောင်ချဉ်းရွာထဲ ရှိနေဆဲဖြစ်ပြီး ဒေသခံတချို့ကို ဖမ်းဆီးကာ ဓားစာခံ လူသားဒိုင်းကာ အဖြစ် အသုံးချပြီး စစ်ကြောင်းပြန်ထွက်ခွာဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ #Mandalay_Free_Press_MFP

Comments