Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб ရန်ကုန်က ဆန္ဒပြလူငယ်လေးဦး ဖမ်းဆီးခံရ в хорошем качестве

ရန်ကုန်က ဆန္ဒပြလူငယ်လေးဦး ဖမ်းဆီးခံရ 7 часов назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



ရန်ကုန်က ဆန္ဒပြလူငယ်လေးဦး ဖမ်းဆီးခံရ

ရန်ကုန်က ဆန္ဒပြလူငယ်လေးဦး ဖမ်းဆီးခံရ (ရုပ်/သံ) မိုးသောက်၊ စက်တင်ဘာ ၂၂၊ ၂၀၂၄ စက်တင်ဘာလ၁၉ရက်နေ့က ရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့ ကုန်စျေးနှုန်းကျဆင်းရေးနှင့် စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ဆန္ဒပြပွဲအပြီးမှာ အဲ့ဒီ ဆန္ဒပြပွဲမှာပါဝင်တဲ့ လူငယ် ၄ ဦး ဖမ်းဆီးခံလိုက်ရပါတယ်။ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တကသ)ကျောင်းသားဟောင်းများအင်အားစုရဲ့ တွဲဖက်တည်ထောင်သူ၊ အလွတ်တန်းဓါတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား၊ လူငယ်သပိတ်ကော်မတီ(YSC)ရဲ့ဦးဆောင်သူ ကိုအောင်မင်းခိုင် (ခ) မဲကြီးနဲ့ YSC အဖွဲ့ဝင် နှစ်ဦးဖြစ်တဲ့ မမြမဉ္စူ နဲ့ မနှင်းအိခိုင်တို့ကို ဆန္ဒပြပွဲပြီးတဲ့နောက်မှာ စစ်ကောင်စီက ‌ခြေရာခံဖမ်းဆီးခဲ့တာလို့သိရပါတယ်။ လူငယ်လေးဦးကိုဖမ်းဆီးပြီးတဲ့ နောက်တော့ သပိတ်အဖွဲ့ဝင်တွေ နေထိုင်ရာနေရာအချို့ကို ရှာဖွေခဲ့ပြီး သပိတ်လူငယ်တွေကို ထပ်မံဖမ်းဆီးဖို့စစ်ကောင်စီတပ်က ကြိုးစားခဲ့တယ် လို့သိရပါတယ်။နောက်ထပ်လူငယ်တွေထပ်မံ ဖမ်းဆီးခံရခြင်းမရှိပေမယ့် ဖမ်းဆီးခံထားရတဲ့ လေးဦးကိုတော့ ဘယ်မှာချုပ်နှောင်ထားတယ်ဆိုတာကို စက်တင်ဘာလ ၂၂ရက်နေ့ထိစုံစမ်းလို့ မရသေးတဲ့အခြေအနေဖြစ်ပါတယ်။ ဘယ်နေရာမှာထားမှန်းမသိရသေးပေမယ့် လူငယ်လေးဦးဟာစစ်တပ်ရဲ့လူမဆန်တဲ့ ညှင်းပန်းနှိပ်စက်မှုတွေနဲ့ စစ်ကြောမေးမြန်းခံနေရတယ်လို့ တကသဟောင်းများအင်အားစုက စက်တင်ဘာလ ၂၁ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ဖမ်းသွားတဲ့အချိန်ကစလို့ ၃ရက်ကြာအဆက်အသွယ်ပြတ်တောက်နေတဲ့ သပိတ်လူငယ်လေးဦးရဲ့ အသက်အန္တရာယ်ကို မိသားစုဝင်တွေက စိုးရိမ်ပူပန်နေကြပါတယ်။ #မြန်မာ #ဧရာဝတီ #ရန်ကုန်သပိတ် #လူငယ်​လေးဦး #ဖမ်းဆီးခံရ #ဖိုးသား #မဲကြီး #မမြမဥ္ဇူ #မနှင်းအိခိုင်

Comments