Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб သီးစုံချဉ်ရည်ဟင်း ချက်စားမယ် Myanmar mix vegetables sour soup в хорошем качестве

သီးစုံချဉ်ရည်ဟင်း ချက်စားမယ် Myanmar mix vegetables sour soup 1 год назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



သီးစုံချဉ်ရည်ဟင်း ချက်စားမယ် Myanmar mix vegetables sour soup

အစစ အရာရာ စျေးတွေကြီးနေတဲ့ အချိန်မှာ ရေခဲသေတ္တာထဲမှာ ရှိတဲ့ ဟိုတစ ဒီတစ အသီးအနှံလေးတွေနဲ့ အာဟာရလည်းပြည့် စားလို့လည်း ကောင်းတဲ့ သီးစုံချဉ်ရည်ဟင်းလေးချက်စားပါမယ်။ ငါးခြောက် တွေကို ရေနွေးနဲ့စိမ်ထား ဒါမှမဟုတ် ပြုတ်ထားပေးပါ။ ကျွန်တော်က စျေးသက်သာတဲ့ ငါးဒန်ခြောက်ကို သုံးထားပါတယ်၊ ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူနီ ထောင်းထားတာကို ထည့်ပြီး မွှေးလာတဲ့ထိ ဆီသတ်ပေးပါ။ မွှေးလာပြီဆိုရင် ထုံးစံအတိုင်း နနွင်းမှုန့်အနည်းငယ်နဲ့ ငရုတ်သီးမှုန့် အနည်းငယ်ထည့်ပါ။ မီးအေးအေးနဲ့ ငရုတ်သီးစိမ်းမှုန့် အစိမ်းနံ့ပျောက်သွားပြီဆိုမှ ငရုတ်သီးခြောက် ၅ ‌တောင့်လောက်နဲ့ ပျဉ်းတော်သိမ် ရွက် ၁၅ ရွက်လောက်ထည့်ပါမယ်။ အနည်းငယ်လေးမွှေပေးပြီးရင် ‌ရေစိမ်ပြီးရေစစ်ထားတဲ့ ငါးခြောက်ထည့်မယ်။ အတုံးသေးသေးလှီးထားတဲ့ အာလူးထည့်မယ်။ အာလူးကို ထည့်ပြီး ‌မီးအေးအေးနဲ့ ထပ်ပြီး လှိမ့်ပေးပါ။ အာလူးကို အခုလို အပေါ်ယံတင်းပြီးမွှေးလာတဲ့အထိ ကြော်ပေးခြင်းအားဖြင့် ပြုတ်တာကြာတဲ့အခါ အာလူးတွေက ပျော်သွားခြင်းမရှိပါဘူး။ ပြီးရင် ရေထည့်ပြီး နာရီဝက်လောက် ချက်ပေးပါ။အာလူးတွေနူးလာပြီဆိုရင် မိမိစိတ်ကြိုက် အသီးအနှံတွေထည့်ပါမယ်။ ကျွန်တော်က ပဲသီး။ ခရမ်းချဉ်သီး။ ခရမ်းသီး။ မုန်လာဥနီ။ မုန်လာဥဖြူ စတဲ့ ရေခဲသေတ္တာထဲက လက်ကျန်အသီးအနှံလေးတွေအကုန်ထည့်လိုက်ပါတယ်။ မန်ကျည်းသီးကို ရေဆေးပြီး ရေစိမ်ထားတဲ့ မန်ကျည်းရည်ကို ထည့်ပေးပါ။ အချဉ်က မိမိစိတ်ကြိုက်ချိန်ဆပြီးထည့်လို့ရပါတယ်။ အသီးအနှံတွေနူးလာရင် အရသာအတွက် ဆား။ ငါးငံပြာရည် အနည်းငယ်ထည့်ပါမယ်၊ နောက်ဆုံးမှာမှ ရုံးပတီသီးထည့်ပါမယ်။ မဆာလာထည့်တဲ့ ဟင်းတွေမှာ ငါးငံပြာရည်ထည့်လေ့မရှိပေမယ့် ဒီဟင်းမှာတော့ ငါးငံပြာရည်လေး အနည်းငယ်ထည့်ထားပါတယ်။ နောက်ဆုံးမှာမှ မဆလာ အနည်းငယ အုပ်ပြီးရင် အရသာရှိတဲ့ သီးစုံချဉ်ရည်ဟင်းလေးကို သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ။ Cookfork1 ၏ အခြားသော လူမှုကွန်ယက်တွေဖြစ်တဲ့ ဖေ့စ်ဘုတ်။ အင်စတာဂရမ်။တစ်တော့ မှာလည်း မတူညီသော တင်ဆက်မှုများဖြင့် တင်ပေးထားပါတယ်ခင်ဗျာ။

Comments