Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб အကျဉ်းဆုံး ဝိပဿာနာနှင့် အမြင့်ဆုံးအကျိုးတရား - ဒေါက်တာ နန္ဒမာလာဘိဝံသ в хорошем качестве

အကျဉ်းဆုံး ဝိပဿာနာနှင့် အမြင့်ဆုံးအကျိုးတရား - ဒေါက်တာ နန္ဒမာလာဘိဝံသ 3 года назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



အကျဉ်းဆုံး ဝိပဿာနာနှင့် အမြင့်ဆုံးအကျိုးတရား - ဒေါက်တာ နန္ဒမာလာဘိဝံသ

တရားတော်ကောက်နုတ်ချက်များနဲ့ ထင်မြင်ချက်များကို 47:26 မှ ယူ၍ ရေးသားထားခြင်း ဖြစ်ပါတယ်။ ဝိပဿနာကျင့်စဉ်ကို ကျင့်လို့ရှိရင် မျက်စိကိုလည်းပဲ ရှုရမယ် နားကိုလည်း ရှုရမယ် နှာခေါင်းကိုလည်း ရှုရမယ်။ သဘာဝတရားလေးတွေကို ပြောတာနော်။ ရုပ်ကလေးကို ရုပ်ရဲ့ သဘာဝအတိုင်း မြင်အောင်၊ မျက်စိအကြည်၊ နားအကြည်၊ နှာခေါင်းအကြည်၊ လျှာအကြည်၊ ကိုယ်ကာယ အကြည်ဆိုတာရယ် စိတ်ရယ် ဒီသဘာဝတရားတွေကို သဘာဝအတိုင်းမြင်ပြီးတော့ ငါဆိုတဲ့ ဒိဌိအမြင်လည်း ကင်းသွားရမယ်၊ ငါ့ဟာဆိုတဲ့ တဏှာစွဲလမ်းမှုလည်း ကင်းသွားရမယ်၊ အထင်ရောက်နေတဲ့ မာန်မာနကိုလည်း ဖယ်ရှားနိုင်ရမယ်။ အဲဒီလိုနည်းနဲ့ အတွင်းအာရုံတွေကို ရှုမှတ်တယ်။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကာယ၊ မန အပေါ်မှာ ထင်ဟပ်လာတဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ ကြံစည်တွေးတောစရာ အာရုံတွေပေါ်မှာလည်းပဲ ငါဆိုတဲ့ ဒိဌိ၊ ငါ့ဟာဆိုတဲ့ တဏှာ၊ ထင်မှတ်နေတဲ့ မာန်မာတွေ ကင်းသွားအောင် သဘာဝတရားတွေပေါ်မှာ တဏှာမလာအောင်၊ ဒိဌိမလာအောင်၊ မာန မလာအောင် ရှုမှတ်ရမယ်လို့ ဒီလို အကျဉ်းဆုံး ဝိပဿနာကို ဟောကြားထားပါတယ်။ မြတ်စွာဘုရား ဒီနေရာမှာ ရှုခိုင်းထားတာ ၂ ခုတည်းပဲ ရှုခိုင်းထားတယ်။ မျက်စိနဲ့ အဆင်းအာရုံ၊ နားနဲ့ အကြားအာရုံ၊ နှာခေါင်းနဲ့ အနံ့အာရုံ၊ လျှာနဲ့ အရသာအာရုံ၊ ကိုယ်နဲ့ အထိအတွေ့အာရုံ၊ စိတ်နဲ့ ဓမ္မအာရုံဆိုပြီး အာရုံထင်ဟပ်လာတဲ့ သဘာဝတရားတွေဖြစ်တဲ့ နာမ်တရားနဲ့ ရုပ်တရားတွေပေါ်မှာ ငါဆိုတဲ့ အစွဲအလမ်း၊ ငါ့ဟာဆိုတဲ့ အစွဲအလမ်းတွေနဲ့ မာန်မာနဖြစ်စရာတွေ မရှိအောင်ပြုလုပ်နေခြင်းဟာ စစ်မှန်သော ဝိပဿနာရှုနေခြင်းပဲဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒီတရားတော်မှာ ဆရာတော်ဘုရားက ဥပမာလေးတစ်ခုနဲ့ ပြောပြထားပါသေးတယ်။ စက္ကူရွက်လေး ၂ ရွက် ဒီအတိုင်း ထပ်ထားလိုက်ရင် အလွယ်တကူ ပြန်ခွာလို့ရပြီး ကြားမှာ ကော်ထည့်ပြီး ထပ်ထားလိုက်ပါက ပြန်ခွာဖို့ ခက်ပါလိမ့်မယ်လို့ ဆိုပါတယ်။ ကော်ကလေးဆိုတာ စွဲလမ်းမှု၊ တဏှာ၊ သံယောဇဉ်ကို ပြောတာပါ။ ဒီဥပမာအတိုင်းပဲ မိမိတို့ ချစ်ခင်ရတဲ့ သား၊ သမီးတွေပေါ်မှာလည်းပဲ ဒီစွဲလမ်းမှု၊ တဏှာ၊ သံယောဇဉ်ကိုသာ ဖယ်ရှားနိုင်ဖို့ ကြိုးစားရမှာကိုသာ ဆိုလိုခြင်းဖြစ်ပါတယ်။ အဲဒီတော့ ဒီစက္ကူ ၂ ရွက်ဥပမာအတိုင်းပဲ မျက်စိနဲ့ အဆင်းအာရုံတို့ ထိတိုက်ကြတဲ့ခါ မြင်စိတ်ဆိုတဲ့ သဘာဝတရားလေးကို သတိထားမိအောင် ကြိုးစားရမယ်၊ ဒီမြင်စိတ်လေးကို မှီပြီးထပ်ဖြစ်လာနိုင်တဲ့ စွဲလမ်းမှု၊ တဏှာ၊ သံယောဇဉ်မျိုးဆိုတာတွေ မိမိမှာဖြစ်လာသလားဆိုတာကိုလည်း သတိထားမိအောင် ကြိုးစာရမယ်၊ ဒီလို သဘာဝတရားလေးတွေ ဖြစ်ပေါ်လာတာ သိအောင် သတိစိုက် လေ့ကျင့်ခြင်းဟာ ဝိပဿာနာကျင့်နေခြင်း ဖြစ်တယ်လို့ မြင်မိပါတယ်။ #သောတာပန် #နန္ဒမာလာဘိဝံသ #DhammaEdu_နန္ဒမာလာဘိဝံသ

Comments