Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб ဦးဖုန်တဲရင် ဦးဆောင်မယ့် ကိုးကန့်ဒေသ ဘယ်လိုပုံစံ ဖြစ်လာမလဲ - BBC News မြန်မာ в хорошем качестве

ဦးဖုန်တဲရင် ဦးဆောင်မယ့် ကိုးကန့်ဒေသ ဘယ်လိုပုံစံ ဖြစ်လာမလဲ - BBC News မြန်မာ 8 месяцев назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



ဦးဖုန်တဲရင် ဦးဆောင်မယ့် ကိုးကန့်ဒေသ ဘယ်လိုပုံစံ ဖြစ်လာမလဲ - BBC News မြန်မာ

မြောက်ပိုင်း မဟာမိတ် ညီနောင် ၃ ဖွဲ့နဲ့ စစ်ကောင်စီကြား အပစ်ရပ်သဘောတူမှုဟာ အခုတစ်ခေါက် ကူမင်း စကားဝိုင်းမှာ ရလာနိုင်ခဲ့တယ် ဆိုပြီး ကြားဝင် ညှိပေးတဲ့ တရုတ်အစိုးရကရော တိုက်နေကြတဲ့ နှစ်ဘက်လုံးကပါ အတည်ပြုကြပါတယ်။ သဘောတူမှု အခြေခံ အချက်ကတော့ တပ်တွေဟာ ရှိလက်စ နေရာတွေမှာပဲ ဆက်နေကြပြီး နောက်ထပ် တိုက်ခိုက်တာတွေ မလုပ်ကြဖို့ ဆိုတဲ့ အချက် အပေါ် အခြေခံပါတယ်။ ဒီတော့ မြောက်ပိုင်း အဖွဲ့တွေဘက်ကလည်း ရှမ်းမြောက်တခွင် မြို့သိမ်း စခန်းသိမ်း စစ်တွေ ဆက်မလုပ်ဖို့ သဘောတူတာ ဖြစ်သလို၊ အာဏာသိမ်း စစ်တပ်ဘက်ကလည်း လက်လွှတ်ခဲ့ရတဲ့ နေရာတွေကို ရဖို့ လေကြောင်း တိုက်ခိုက်တာတွေ အပါအဝင် စစ်ရေးအရ ပြန်ကြိုးစားတာမျိုး မလုပ်ဖို့ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး ၂ လခွဲကျော်ကာလမှာ ရှမ်းမြောက်ဒေသထဲက မြို့ပေါင်း ၁၇ မြို့နဲ့ စစ်တပ်စခန်းပေါင်း ၂၀၀ကျော်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထားပါတယ်။ ကိုးကန့်တပ် MNDAA ဆိုရင် သူတို့ရဲ့ အဓိက ဦးတည် ရည်မှန်းချက် တစ်ရပ် ဖြစ်တဲ့ လောက်ကိုင်မြို့ အပါအဝင် ကိုးကန့် ဒေသကို ပြန်လည် ချုပ်ကိုင် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အခုနှစ်သစ်ကူးမှာပဲ MNDAA စစ်ဦးစီးချုပ် ဦးဖုန်တဲရင်က ကိုးကန့်ဒေသကို ရှမ်းပြည်နယ် အထူး ဒေသ ၁ အဖြစ် ရည်ညွှန်းသုံးစွဲပြီး၊ အဲဒီ ဒေသရဲ့ အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် နှစ်သစ်ကူး သဝဏ်လွှာ ထုတ်ပါတယ်။ အဲဒီထဲမှာ ကိုးကန့် ဒေသကို MNDAA အနေနဲ့ ဘယ်လို ဘယ်ပုံ ပုံဖော်မယ် ဆိုတာက အစ၊ လက်ရှိ တကျော့ပြန် စစ်အာဏာ သိမ်းခံထားရတဲ့ တတိုင်းပြည်လုံးရဲ့ အခြေအနေ အပေါ်မှာပါ ဘယ်လို သဘောထားမျိုး ရှိသလဲ ဆိုတာအထိ အတော်လေး ကျယ်ကျယ် ပြန့်ပြန့် ပြောဆိုထားပါတယ်။ ဒီတစ်ပတ်မှာတော့ MNDAA ရဲ့ ရပ်တည်မှု အပေါ် အခြေခံပြီး ကိုးကန့်ဒေသရဲ့ အနာဂတ်၊ မအောင်မြင်တဲ့ ကူမင်းဆွေးနွေးပွဲတွေကို အခုအချိန်မှာ ရလဒ်တစုံတရာ ထွက်လာအောင် တရုတ်က ဘာလို့ မဖြစ်မနေ ကြံဆောင်လာတာလဲ .... MNDAA ဟာ ကိုးကန့်ဒေသရဲ့ အပြင်ဘက် တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ နိုင်ငံရေးမှာရော ဘယ်လို သဘောထားမျိုး ထားရှိမလဲ ... စတာတွေ အပေါ် ကျယ်ကျယ်ပြန်ပြန့် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ပတ် ပါဝင်ဆွေးနွေးကြသူတွေကတော့ ... နိုင်ငံတကာ ပဋိပက္ခတွေကို အဖြေရှာရေးနဲ့ ကြိုတင် ကာကွယ်နိုင်ရေးတို့ အတွက် အမေရိကန် ဗဟိုအစိုးရက ဖွဲ့စည်းထားရှိတဲ့ အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု USIP က မြန်မာပရိုဂရမ်ရဲ့ ညွှန်ကြားရေးမှူး ဂျေဆင်တာဝါနဲ့ လန်ဒန်တက္ကသိုလ် ဆိုးအက်စ် ကျောင်းမှာ နိုင်ငံတကာလေ့လာရေးနဲ့ သံတမန်ရေး ပါရဂူတန်း တက်ရောက်နေတဲ့ ကိုးကန့်အရေး သုတေသီ ရှုပန်တို့ ဖြစ်ပါတယ်။ ဘီဘီစီသတင်းထောက် ကိုဝေဖြိုး စီစဥ် တင်ဆက်ထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း

Comments