Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб ဆေးတပ်သား ၁၈ဦး သေဆုံးမှု KNDF ဥက္ကဋ္ဌ ဘာပြောလဲ в хорошем качестве

ဆေးတပ်သား ၁၈ဦး သေဆုံးမှု KNDF ဥက္ကဋ္ဌ ဘာပြောလဲ 1 месяц назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



ဆေးတပ်သား ၁၈ဦး သေဆုံးမှု KNDF ဥက္ကဋ္ဌ ဘာပြောလဲ

ဆေးတပ်သား ၁၈ဦး သေဆုံးမှု KNDF ဥက္ကဋ္ဌ ဘာပြောလဲ …………… ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း ပြုလုပ်ခဲ့သည့် ဆေးသင်တန်းတစ်ခုတွင် အမျိုးသမီးများအပါအဝင် သင်တန်းသား ၁၈ဦး သေဆုံးခဲ့သည့်ဖြစ်စဉ် စက်တင်ဘာ ၁၁ ညပိုင်းက ဖြစ်ပွားခဲ့သည်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဖွင့်လှစ်ပြီး တော်လှန်ရေးဆေးတပ်သား ၁၀၀ ကျော် တက်ရောက်ခဲ့သည့် ထိုသင်တန်းတွင် ရေချောင်းတစ်ခုကို ဖြတ်ကျော်သည့် လေ့ကျင့်ခန်းအတွင်း သင်တန်းသား ၁၈ဦးမှာ တောင်ကျချောင်းရေနှင့်အတူ မျှောပါသေဆုံးခဲ့ရခြင်း ဖြစ်သည်။ ‘ရာဂီ’ မုန်တိုင်းအရှိန်ကြောင့် မိုးကြီး၊ ရေလျှံနေချိန် ဆေးတပ်သားရဲဘော်များမှာ ‘ငါးပိဿာ’ ခန့်ရှိသည့် လေးလံသော ပစ္စည်းများကို ကျောပိုး၍ ညအချိန်တွင် ရေစီးသန်သည့် ချောင်းတစ်ခုကိုဖြတ်သန်းခဲ့ကြသည်ဟု သိရသည်။ သေဆုံးသူများထဲတွင် KNDF တပ်ဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့ဝင်များလည်း ပါဝင်သည်။ ယခုကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့်ဖြစ်စဉ်အပေါ် KNDF အနေဖြင့် မည်ကဲ့သို့ ဆက်လုပ်လုပ်ဆောင်သွားမည်ကို ဥက္ကဋ္ဌ ဖြစ်သူ ခွန်းဘီထူးနှင့် ဆက်သွယ်မေးမြန်းထားသည်။ မေးမြန်း - စောရယ်

Comments