Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб ကျားပေါက်ကလေးရဲ့ နာနီ в хорошем качестве

ကျားပေါက်ကလေးရဲ့ နာနီ 7 лет назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



ကျားပေါက်ကလေးရဲ့ နာနီ

အပင်လေးတွေကို စိုက်ပျိုး၊ ပြုစု ပျိုးထောင်ရတဲ့ ဥယျာဉ်မှူး တစ်ယောက်ဖြစ်တဲ့ ကိုလှိုင်မျိုးဦးအတွက် ပြီးခဲ့တဲ့ တစ်လကျေ်က အပြောင်းအလဲကြီးကြီးမားမား တစ်ခုနဲ့ ကြုံခဲ့ရပါတယ်။ ဥယာဉ်မှုး တစ်ယောက်ကနေ သားရဲတိရစ္ဆာန်တစ်ကောင်ကို ထိန်းကျောင်းဖို့ဖြစ်လာတာပါ။ ကိုမျိုးလှိုင်ဦးက မွန်ပြည်နယ် ကျိုက်ထိုမြိုက စိမ်းလဲ့တင်ဥယျာဉ် အပန်းဖြေစခန်းမှာ ဥယျာဉ်မှုးအဖြစ်နဲ့ ဥယျာဉ်စားပင် ပန်းမန်တွေကို ပြုစုပျိုးထောင်လာတာ ၃ နှစ်ကျော်ပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁ လကျော် စိမ်းလဲ့တင် တိရိစ္ဆာန်ဥယျာဉ်ထဲကို လေးလသားအရွယ် ကျားပေါက်မလေး မီးမီး ရောက်မလာသေးခင် အချိန်က အထိဖြစ်ပါတယ်။ အခုတော့ ကျားပေါက်မလေးကို ထိန်းကျောင်းပေးရတဲ့သူ ဖြစ်လာတာပါ။ တိရိစ္ဆာန်လေးတွေကို ချစ်တဲ့ သူ့အတွက်တော့ တိရစ္ဆာန်လေး တစ်ကောင်ကို ထိန်းသိမ်းရတာ ပြဿနာ မဟုတ်ပေမယ့် အခုလို ကျားတစ်ကောင်ကို ထိန်းရဖို့ဖြစ်လာမယ်လို့တော့ ဘယ်တုန်းကမှ တွေးမထားခဲ့ပါဘူး။ သူနဲ့ ကျားပေါက်မလေး မီးမီးဟာ မိုးလင်းတာနဲ့ အိပ်ယာထ မနက်စာ နို့ဗူးစို့ ပြီးတာနဲ့ သူနဲ့အတူ ဥယျာဉ်ထဲကို လာလည်တဲ့ သူတွေအတွက် ၀န်ဆောင်မှုပေးရတာဖြစ်ပါတယ်။ ကျားပေါက်မလေးဟာ အသက်ငယ်သေးတာကြောင့်ရော မွေးကတည်းက လူတွေလက်ပေါ်မှာ ကြီးပြင်းခဲ့တာတွေကြောင့်ရော ဧည့်သည်တွေ လက်ပွန်းတတီး ဓာတ်ပုံရိုက် ပွေ့ဖက်နိုင်ပါတယ်။ အဲဒီအချိန်တွေကျရင် ကိုမျိုးလှိုင်ဦးက အလည်လာတဲ့သူတွေ အန္တရာယ်ကင်းဖို့နဲ့ ကျားပေါက်မလေး မကြောက်လန့်စေဖို့ ထိန်းကျောင်းပေးရတာပါ။ ကျားပေါက်မလေးမီးမီးနဲ့ကြား သံယောဇဉ်က တစ်လကျော်လောက်ပဲရှိသေးပေမယ့် အတော်ခင်တွယ်နေပြီ ဖြစ်ပါတယ်။ သူ ဘာခိုင်းခိုင်း လုပ်ပေးတဲ့ ကျားပေါက်မလေးဟာ သူ ကျားပေါက်မလေး ရှေ့က ခဏပျောက်သွားလို့ကတော့ အသံတစာစာနဲ့ အော်ဟစ်ပြီး ပြန်လာဖို့ အော်ခေါ်တက်ပါသေးတယ်။ ကျားတွေဟာ အသက် ၆ လသားကျော်တဲ့အခါ ပိုပြီး သန်မာလာတာကြောင့် ထိန်းသိမ်းသူနဲ့ အတူမထားပဲ သီးသန့်လှောင်အိမ်ထဲကို ပို့တက်ကြပါတယ်။ ကျားပေါက်မလေး မီးမိးဟာ အခု လေးလသားကျော်ပီမို့ သူနဲ့ မီးမီး အခုလို လက်ပွန်းတတီး အတူနေရမယ့် အချိန်တွေ သိပ်မကျန်တော့ပါဘူး။ ခုချိန်မှာတော့ သူ့ကိုခင်တွယ်နေတဲ့ ကျားပေါက်မလေးမီးမီးဟာ အရွယ်ရလာလို့ သီးသန့်ထားတဲ့အချိန် ကျရင်တော့ သူ့ကို ဘယ်လိုသဘောထားမယ်ဆိုတာ သူမမှန်းတတ်ပါဘူး။ သူ့ကိုမမှတ်မိရင်တော့ လည်း အချိန်ရတိုင်း အဝေးကနေပဲ သွားကြည့်ရင်း ချစ်နေရမှာပါလို့ ဆိုပါတယ်။ ရုပ်သံသတင်းထောက် - သန်းဌေးအောင်၊ ယဉ်မွန်

Comments