Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб စစ်ကိုင်းက ပျူစခန်းကို တိုက်ခိုက်ချိန် ကျဆုံးခဲ့တဲ့ မြင်းခြံ ZERO တပ်ဖွဲ့ ဒု-တပ်ခွဲမှူးရဲ့ နာရေး၊ в хорошем качестве

စစ်ကိုင်းက ပျူစခန်းကို တိုက်ခိုက်ချိန် ကျဆုံးခဲ့တဲ့ မြင်းခြံ ZERO တပ်ဖွဲ့ ဒု-တပ်ခွဲမှူးရဲ့ နာရေး၊ 2 года назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



စစ်ကိုင်းက ပျူစခန်းကို တိုက်ခိုက်ချိန် ကျဆုံးခဲ့တဲ့ မြင်းခြံ ZERO တပ်ဖွဲ့ ဒု-တပ်ခွဲမှူးရဲ့ နာရေး၊

စစ်ကိုင်းမြို့နယ် ကြွယ်ပုံရွာက စစ်အုပ်စုရဲ့ ပျူစခန်းကို ဇူလိုင်(၂၂)ရက် မနက်ပိုင်းအချိန် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက စီးနင်း တိုက်ခိုက်ရာမှာ စကစနှင့်ပျူ ကိုးယောက် သေသလို ZERO ပြောက်ကျားတပ်ဖွဲ့ရဲ့ ဒု-ခွဲမှူး ပြည်သူ့ရဲဘော် ကိုအောင်ကိုဇင် ကျဆုံးခဲ့တယ်လို့ မြင်းခြံ ZERO ပြောက်ကျားတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ကိုအောင်ကိုဇင် (ခ) အာကြီး (ခ) ဝက်ကတုံး (၂၄နှစ်)ဟာ ZERO ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံခရိုင် တပ်ရင်း(၇)၊ တပ်ခွဲ(၃)ရဲ့ ဒု-တပ်ခွဲမှူး ဖြစ်သလို RPG လက်ဖြောင့်တပ်သားလည်း ဖြစ်ပါတယ်။ ကျဆုံးသူ ကိုအောင်ကိုဇင်ဟာ နွေဦးတော်လှန်ရေး ကာလအတွင်း စကစနဲ့ ပျူ (၁၄၀)ကျော်အထိ သုတ်သင်နိုင်ခဲ့သူ ဖြစ်ကြောင်းနှင့် ZERO ပြောက်ကျားတပ်ဖွဲ့ အနေနဲ့ ကိုအောင်ကိုဇင်အား သူရဲကောင်းအဖြစ် သတ်မှတ်ပြီး ကြီးမြတ်စွာ အလေးပြုအပ်ပါကြောင်း မြင်းခြံ ZERO ပြောက်ကျားတပ်ဖွဲ့က ဖော်ပြထားပါတယ်။ သူ့ရဲ့ နာရေးကို ဇူလိုင်(၂၂)ရက်မှာပဲ ကျင်းပခဲ့ပြီး ရဲဘော်ရဲဘက် တော်လှန်ရေးသမားတွေ သာမက ဒေသခံ အများအပြားပါ တက်ရောက်ခဲ့ပါတယ်။ စစ်ကိုင်းမြို့နယ် ကြွယ်ပုံရွာ ပျူစခန်းကို မြင်းခြံအခြေစိုက် ZERO ပြောက်ကျားတပ်ဖွဲ့နဲ့ စစ်ကိုင်းခရိုင် တပ်ရင်း (၂) တို့ ပူပေါင်းကာ ဇူလိုင်(၂၂)ရက် မနက်(၄)နာရီကျော်မှာ စတင် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲချိန် နှစ်နာရီခွဲခန့် ကြာမြင့်ကာ စကစနဲ့ ပျူ ကိုးယောက်ကို သုတ်သင်နိုင်ခဲ့တယ်လို့ ZERO ပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။ #MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ZERO #ပြောက်ကျားတပ် #လက်ဖြောင့်တပ်သား #ကြွယ်ပုံရွာ

Comments