Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб မြေအိုးမြီးရှည် ချက်နည်း Clay pot noodle soup в хорошем качестве

မြေအိုးမြီးရှည် ချက်နည်း Clay pot noodle soup 2 года назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



မြေအိုးမြီးရှည် ချက်နည်း Clay pot noodle soup

မြေအိုးမြီးရှည်ကို ယခင်က ရှမ်းခေါက်ဆွဲရောင်းတဲ့ ဆိုင်တော်တော်များများမှာ ရောင်းပြီး လူကြိုက်များခဲ့တဲ့ အစားအစာလည်းဖြစ်ပါတယ်။ ထည့်ရတဲ့ အဆာပလာတွေများတာကြောင့် အိမ်မှာချက်တဲ့အခါ အဆင်ပြေတဲ့ မိမိကြိုက်တာတွေကိုထည့်ပြီးချက်ပြုတ်နိုင်ပါတယ်ခင်ဗျာ... အာလူးခေါက်ဆွဲ။ ဆန်ခေါက်ဆွဲ။ပဲပြားခြောက်ကို ပြုတ်ရတာလွယ်ကူစေဖို့ ရေအေးနဲ့ ပျော့တဲ့အထိ ရေစိမ်ထားပါ။ ကြွက်နားရွက်မှိုကိုလည်း ရေစိမ်ထားပေးပါ။ အသီးအရွက်တွေအနေနဲ့ ‌ ရွှေပဲ။ မုန်လာဥနီ။ ‌‌ပဲပင်ပေါက်။ ပြောင်းဖူးသေးသေး။ နံနံပင်။ ကြက်သွန်မြိတ်။ ထိုင်ဝမ်မုန်ညှင်း။ ပန်းဂေါ်ဖီတို့ကို ထည့်ပြီးချက်မှာဖြစ်ပါတယ်။ အားလုံး‌ရေဆေးပြီး တကိုက်စာ အရွယ်လေးတွေလှီးထားပေးပါ။ ပဲပြား။အသားလုံး။ဝက်အူချောင်း စတာတွေကို ပြုတ်ထားပေးပါ။ မြေအိုးမြီးရှည်ထဲမှာ ငရုတ်ချဉ်လိုပါတယ်။ ငရုတ်ချဉ်ဝယ်မရရင် ပါးပါးလှီးထားတဲ့ ငရုတ်သီးစိမ်းထဲကို ရှာလကာရည်ထည့်ပြီးစိမ်ထားပေးပါ။ ကြက်ပေါင် ၂ ချောင်းကို ပထမဆုံး တရေပြုတ်ပစ်ပါတယ်။ ပြီးမှ ကြက်သားထဲကို ချင်း နဲ့ ကြက်သွန်ဖြူဓားပြားရိုက်ထားတာ။ ငရုတ်ကောင်းမှုန့်။ဆား။သကြား။ရေ ထည့်ပြီး မီးအလယ်အလတ်နဲ့ ၂၅ မိနစ်တည်ထားပေးပါ။ ကြက်ပြုတ်ထားတာရရင် ကြက်သားတွေရရင် အသားလေးတွေ မျှင်ထားပေးပါ. မြေအိုးမြီးရှည်ထည့်မယ့် မြေအိုးထဲကို ကြက်စွပ်ပြုတ်ရည်ထည့်မယ်။ ပဲပိစပ် အနည်းငယ်။ ပဲငံပြာရည်အကြည်။ နှမ်းဆီမွှေး။ ငရုတ်ချဉ်။ ငရုတ်သီးဆီချက်။ မြေပဲလှော်ထောင်း (မပါမဖြစ်ပါ)။ အသားနွင်ထားတဲ့ ကြက်သား။ ပြီးရင် မိမိထည့်ချင်တဲ့ အဆာတွေထည့်ပါမယ်။ မီးဖိုပေါ်မှာ ပွက်ပွက်ဆူလာပြီဆိုရင် နောက်ဆုံးမှာ ကြက်သွန်ဖြူဆီချက်ကို ထည့်ပေးပါ။ ဒါဆိုရင်တော့ အရသာအလွန်ရှိတဲ့ မြေအိုးမြီးရှည်ကို သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ... သူငယ်ချင်းအားလုံးကျန်းမာပျော်ရွှင်ကြပါစေ...

Comments