Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб MNDAA သိမ်းထားတဲ့ မြို့တွေ သုံးလအတွင်း ဗုံးအလုံး တစ်ရာကျော် ကြဲခံရ | People's Spring в хорошем качестве

MNDAA သိမ်းထားတဲ့ မြို့တွေ သုံးလအတွင်း ဗုံးအလုံး တစ်ရာကျော် ကြဲခံရ | People's Spring 2 дня назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



MNDAA သိမ်းထားတဲ့ မြို့တွေ သုံးလအတွင်း ဗုံးအလုံး တစ်ရာကျော် ကြဲခံရ | People's Spring

MNDAA သိမ်းထားတဲ့ မြို့တွေ သုံးလအတွင်း ဗုံးအလုံး တစ်ရာကျော် ကြဲခံရ People's Spring ကိုးကန့်တပ်(MNDAA) သိမ်းယူ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်ဒေသက မြို့နယ်တွေကို သုံးလတာအတွင်း စစ်ကောင်စီလေတပ်က ဗုံးအလုံးတစ်ရာကျော် ကြဲချရာမှာ အရပ်သား ၃၀ ထက်မနည်း သေဆုံးခဲ့ရတယ်လို့ MNDAA က သတင်းထုတ်ပြန်ပါတယ်။ အထူးဒေသ (၁) လို့ MNDAA က သတ်မှတ်ထားတဲ့ လောက်ကိုင်မြို့၊ သိန္နီ မြို့နဲ့ လားရှိုးမြို့တွေကို ပြီးခဲ့တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်မှု ၂၅ ကြိမ် ပြုလုပ်ခဲ့တာပါ။ ဗုံးကြဲတိုက်ခိုက်မှု ၂၅ ကြိမ်မှာ ၁၆ ကြိမ်ဟာအရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာလို့ MNDAA က ဖော်ပြပါတယ်။ MNDAA ရဲ့စာရင်းအရ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားအနည်းဆုံး ၃၁ ဦီးသေဆုံး သေဆုံးပြီး ၉၀ ဦီး ဒဏ်ရာရတယ်လို့ သိရပါတယ်။ စစ်ကောင်စီဟာ မြေပြင်မှာ စစ်ရေးရှုံးနိမ့်တာကို လက်တုန့်ပြန်တဲ့အနေနဲ့ အရပ်ဘက် ၊စစ်ဘက် မခွဲခြားဘဲ လေကြောင်းကနေ တိုက်ခိုက်တာလို့ MNDAA က ဆိုပါတယ်။ လားရှိုးမြို့မှာဆိုရင်လေကြောင်းတိုက်ခိုက်မှုအတွင်း အများပိုင်အဆောက်အဦးတွေ ၊နေအိမ်တွေ၊ ဟိုတယ်တွေနဲ့ စာသင်ကျောင်းတွေ ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ လားရှိုးကို ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာတင် လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ပြုလုပ်ခဲ့ရာမှာ အရပ်သား ၃ဦီးသေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ MNDAA ရဲ့စာရင်းတွေအရ သိရပါတယ်။ ဒီနေ့အောက်တိုဘာ ၄ ရက်နေ့ မနက်ပိုင်းဆိုရင်လည်း လားရှိုးမြို့က ကွမ်ယင်ဘုရားကျောင်းကို ဗုံးကြဲ ရာမှာ အရပ်သား ၁​ဦီးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ကိုးကန့်တပ်(MNDAA) ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၇ ရက်ကစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက် ရှိ ကိုးကန့်ဒေသမှာရှိတဲ့ ရာနဲ့ချီတဲ့ စစ်တပ်စခန်းတွေကို တိုက်ထုတ်ပြီး မြို့တော် လောက်ကိုင်အပါအဝင် ဒေသတစ်ခုလုံးကို သိမ်းယူနိုင်ခဲ့တာပါ။ အခုနှစ် ဇူလိုင်လကုန်ပိုင်းမှာလည်း ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) အနေနဲ့ လားရှိုးမှာရှိတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ထိုးစစ်ဆင်ပြီး လားရှိုးကို ထပ်မံ သိမ်းယူပါတယ်။ စစ်တပ်ဝါဒဖြန့် ချန်နယ်တွေမှာတော့ MNDAA သိမ်းထားတဲ့ လားရှိုးအပါအဝင် ကိုးကန့်ဒေသ မြို့တော် လောက်ကိုင်ကိုပါ အပြင်းအထန် ဗုံးကြဲဖို့ လှုံ့ဆော်တာတွေ ရှိခဲ့ပါတယ်။ = = = #ludunwayoo #လူထုနွေဦး #NewsUpdate 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 𝗬𝗼𝘂𝗧𝘂𝗯𝗲 -    / @peoplespring   𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 -   / ludunwayoo   𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/ 𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 -   / ludunwayoo   𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring

Comments